#World_Health
Published 30 December 2022

 

မိခင်ဝမ်းဗိုက်ထဲမှာ သန္ဓေသားကန်ရတဲ့အကြောင်းအရင်းကို နောက်ဆုံးမှာတော့ ဖြေရှင်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိပ္ပံဂျာနယ်တစ်ခုမှာ ဖော်ပြထားပါတယ်။

 

ဗိုက်ထဲက ကလေးတွေဟာ ကိုယ်ဝန်သက်တမ်း ၁၆ ပတ်လောက်ကစပြီး လှုပ်လှုပ်ရွရွဖြစ်လာကာ လူးလှိမ့်ကန်ကြောက်တတ်ကြပါတယ်။

 

ဒီလိုလှုပ်ရှားမှုတွေက ဖြစ်ချင်သလို ဖြစ်နေတာလို့ ထင်ခဲ့ကြပေမယ့် ဒါဟာ ကလေးတွေရဲ့ခန္ဓာကိုယ်ကို လေ့ကျင့်ရာရောက်ကြောင်း သိလာကြပါတယ်။

 

ဝမ်းဗိုက်ထဲမှာ လှုပ်ရှားမှုက ကိုယ်လက်ထိန်းချုပ်လှုပ်ရှားခြင်းနဲ့ အစောပိုင်းဖွံ့ဖြိုးမှုတို့မှာ အရေးပါတဲ့အပိုင်းဖြစ်ကြောင်း တိုကျိုတက္ကသိုလ်မှ သိပ္ပံပညာရှင်များတွေ့ရှိခဲ့ကြပါတယ်။

 

ယခုလေ့လာမှုအသစ်မှာ သန္ဓေသားတွေရဲ့ လှုပ်ရှားမှုက ခန္ဓာကိုယ်ကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာကို လေ့လာသင်ယူနေတဲ့သဘောဖြစ်ကြောင်း ဖော်ပြထားပါတယ်။

 

အသက် ၁၀ ရက်အောက်ကလေး ၁၂ ယောက်နဲ့ ၃ လသားအရွယ် ကလေး ၁၀ ယောက်တို့မှာ လှုပ်ရှားမှုစောင့်ကြည့်ခြင်းနည်းပညာဖြင့် အဆစ်အမြစ်လှုပ်ရှားမှုတွေကို လေ့လာခဲ့ကြပါတယ်။

 

ကလေးတွေရဲ့ လှုပ်ရှားမှုပေါင်းစုံက နောက်ပိုင်းမှာ ဆက်တိုက်လှုပ်ရှားမှုများအဖြစ် ဆောင်ရွက်လာနိုင်အောင် အကူအညီဖြစ်စေပါတယ်။

 

အာရုံခံလှုပ်ရှားစောင့်ကြည့်ချက်များအရ လှုပ်ရှားမှုတစ်ခုကို အကြိမ်ရေများများလုပ်လေ ပိုပြီးတော့ မှတ်မိတတ်မြောက်လေဖြစ်ကြောင်း 'ကာနာဇာဝါ'က ရှင်းပြခဲ့ပါတယ်။

 

ဝမ်းဗိုက်ထဲမှာကတည်းက သန္ဓေသားရဲ့ခန္ဓာကိုယ်နဲ့ ဦးနှောက်ဘယ်လိုဖွံ့ဖြိုးလဲဆိုတာကို အခုနောက်ဆုံးတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

 

နောက်ထပ်တွေ့ရှိမှုအရ ကိုယ်ဝန်ဆောင်ကာလအတွင်း မိခင်က အရက်သေစာသောက်သုံးပါက ကလေးရဲ့ဦးနှောက်ကိုထိခိုက်စေပါတယ်။

 

သန္ဓေသားတွေက အရက်ပမာဏအနည်းငယ်မျှနဲ့ ထိတွေ့မိရင်တောင် ဦးနှောက်ပုံသဏ္ဍာန်ပြောင်းလဲသွားပြီး ဦးနှောက်ဖွံ့ဖြိုးမှုနှေးကွေးသွားပါတယ်။

 

Source: NY Post
#Yangon_Media_Group