#World_Health
Published 9 December 2022

 

ကမ္ဘာတဝှမ်းမှ ဆေးဘက်ဆိုင်ရာစင်တာတွေမှာ ကိရိယာပစ္စည်းတွေတိုးတက်လာတာနဲ့အမျှ အသက်အန္တရာယ်ရှိတဲ့ နှလုံးရောဂါဖြစ်နိုင်ချေနဲ့ သေဆုံးနိုင်တဲ့ဖြစ်နိုင်ချေပါကိုပါ ခန့်မှန်းပေးနိုင်မှာဖြစ်ပါတယ်။

 

ဒီလေ့လာချက်ကို ဟိုင်ဖာရှိ ရမ်ဘမ်ကျန်းမာရေးစင်တာမှ သုတေသီများနဲ့ အမေရိကန် မိုင်ယိုဆေးခန်းမှ သုတေသီများက ပူးပေါင်းလုပ်ဆောင်ကြတာဖြစ်ပါတယ်။

 

ပထမအဆင့်မှာတော့ လူနာတွေကို ကြွက်သားရောင်ရမ်းခြင်းရောဂါနဲ့ ပတ်သက်ပြီး နှစ် ၂၀ ကြာလေ့လာခဲ့ပါတယ်။

 

ဒုတိယအဆင့်မှာတော့ ECG ဖြင့်တိုင်းတာကာ လူလုပ်ဉာဏ်ရည်တုစနစ်တီထွင်ပြီး နှလုံးကြွက်သားပါဝင်မှု ခံစားရနိုင်ချေရှိ/မရှိ လေ့လာနိုင်မှာဖြစ်ပါတယ်။

 

ဒီစနစ်က နှလုံးကြွက်သားလှုပ်ရှားမှုကို ၈၀ ရာခိုင်နှုန်းတိကျအောင် ခန့်မှန်းနိုင်ပါတယ်။

 

ဒါ့အပြင် အသက်သေဆုံးမှုနှုန်းကိုပါ ထိရောက်စွာ ဖော်ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။

 

ကြွက်သားများရောင်ရမ်းခြင်းရောဂါတွေဟာ ရှုပ်ထွေးပြီး အသက်အန္တရာယ်ရှိတဲ့ ရောဂါများဖြစ်ကာ မသန်မစွမ်းဖြစ်ခြင်းနဲ့ သေဆုံးခြင်းအထိပါ ဖြစ်ပေါ်နိုင်ပါတယ်။

 

လူနာအများစုမှာ နှလုံးကြွက်သားများ ပါဝင်နေတာကြောင့် သေဆုံးနိုင်ချေပိုများလာကာ အထူးကြပ်မတ်ကုသရမယ့် အခြေအနေဖြစ်လာရပါတယ်။

 

အဖြစ်များတဲ့နှလုံးရောဂါတစ်မျိုးက နှလုံးဖောက်ခြင်းဖြစ်ပြီး နှလုံးဘယ်ဘက်သွေးလွှတ်ခန်းမှာ ပြဿနာဖြစ်တာကြောင့် ဖြစ်ပါတယ်။

 

ထိုအခါ ခန္ဓာကိုယ်ထဲရှိ အင်္ဂါအမျိုးမျိုးကို သွေးလုံလောက်စွာ မထောက်ပံ့ပေးနိုင်တော့ဘဲ အသက်ရှူကြပ်ခြင်း၊ နွမ်းနယ်ခြင်း၊ ရေများစုပြုံကာ ဖောရောင်လာခြင်းတို့ ဖြစ်တတ်ပါတယ်။

 

နည်းပညာရှုထောင့်အရဆိုရင် ဉာဏ်ရည်တုနည်းပညာကို အသုံးပြုခြင်းက အချိန်ကုန် ငွေကြေးအကုန်အကျသက်သာစေပြီး လျင်မြန်တိကျထိရောက်တဲ့နည်းလမ်းဖြစ်ကြောင်း ပရော်ဖက်ဆာ'ရှယ်လီ'က ရှင်းပြခဲ့ပါတယ်။

 

ဉာဏ်ရည်တုနည်းပညာဖြင့် ဆေးဝါးထုတ်လုပ်ရေး၊ ရောဂါစောစီးစွာရှာဖွေရေးတို့မှာ အပြောင်းအလဲပြုလုပ်လာနိုင်မှာဖြစ်ပါတယ်။
မိုင်ယိုဆေးခန်းနဲ့ ပူးပေါင်းသုတေသနတွေ ပြုလုပ်နေပြီး နောက်ထပ်အစီအစဉ်များလည်းရှိသေးကြောင်း ပရော်ဖက်ဆာက ပြောကြားခဲ့ပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group