#Health_Tips
Published 9 November 2022

 

ဆံကေသာကျန်းမာသန်စွမ်းခြင်းက မိမိကိုယ်ကိုယုံကြည်မှုမြင့်မားစေသလို ဆွဲဆောင်မှုရှိခြင်းရဲ့ အဓိကအစိတ်အပိုင်းလည်းဖြစ်ပါတယ်။

 

ဒါကြောင့် ဆံပင်ကျွတ်ခြင်း၊ ပျက်စီးခြင်း၊ နှစ်ခွဖြစ်ခြင်း၊ ဖောက်ထခြင်းတို့ကို အချိန်တိုင်းဂရုစိုက်ပေးနေသင့်ပါတယ်။

 

ဆံကေသာ ကောင်းမွန်စေဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာ၊ ပုံမှန်တကိုယ်ရည်သန့်ရှင်းရေးတို့ကလည်း အရေးကြီးလှပါတယ်။

 

ဆံကေသာလှပပြီး ဆွဲဆောင်မှုရှိနေစေရန် နည်းလမ်း ၅ သွယ်ကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁) ဗိုက်တာမင်-အေ များများစားပါ

 

ဗိုက်တာမင်-အေက ဆဲလ်ဖွံ့ဖြိုးမှုကိုဖြစ်စေပြီး ဦးရေပြားကနေ အဆီရည်တစ်မျိုးကိုထုတ်ပေးကာ ဆံပင်တွေကို အစိုဓာတ်ရအောင် ထိန်းသိမ်းပေးပါတယ်။

 

ဆံပင်ကျွတ်ခြင်းက ဗိုက်တာမင်-အေချို့တဲ့တာကြောင့်ဖြစ်ပြီး မုန်လာဥနီ၊ ဟင်းနုနွယ်၊ ဖရုံသီး၊ ကန်စွန်းဥ၊ နို့၊ ဒိန်ချဉ်၊ ကြက်ဥတို့မှာ ဗိုက်တာမင်-အေကြွယ်ဝစွာပါဝင်ပါတယ်။

 

(၂) ခေါင်းလိမ်းဆီလိမ်းပေးပါ

 

စတိုးဆိုင်တွေနဲ့ အွန်လိုင်းကနေ ဝယ်ယူရရှိနိုင်တဲ့ လက်ဖက်စိမ်းအဆီ၊ သံလွင်ဆီ၊ စမုန်ဖြူအဆီ၊ လာဗင်ဒါအဆီ စတာတွေကို တစ်ပတ် နှစ်ကြိမ်ခန့် လိမ်းပေးသင့်ပါတယ်။

 

(၃) ကျန်းမာရေးနဲ့ညီညွတ်စွာ စားသုံးပါ

 

ဘိုင်အိုတင်၊ ကော်လာဂျင်၊ အိုမီဂါ၊ ပရိုတိန်း၊ ဗိုက်တာမင်တို့က ဆံကေသာသန်စွမ်းဖို့အတွက် လိုအပ်တဲ့အရာတွေပါ။

 

သစ်ကြားသီးမှာ အဆိုပါဓာတ်များပါဝင်ပြီး ဆော်လ်မွန်ငါးမှာ ဗိုက်တာမင်-ဒီ ပရိုတိန်းတို့ပါဝင်ပါတယ်။

 

(၄) ရေများများသောက်ပါ

 

ကော်ဖီ၊ လက်ဖက်ရည်၊ အရက်သေစာများ ရှောင်ရှားပြီး တစ်နေ့ကို ရေ ၈ ခွက်ကျော် သောက်သုံးပေးပါ။

 

(၅) ကျန်းမာစွာနေထိုင်စားသောက်ပါ

 

ခေါင်းလိမ်းဆီလိမ်းပြီး ဘီးနဲ့ဖြီးဖြီးပေးပါ။

 

ပါရာဘင်နဲ့ ဆာလ်ဖိတ်များပါဝင်တဲ့ ခေါင်းလျှော်ရည်ကို အသုံးမပြုပါနှင့်။

 

ပုံမှန်ဆံပင်ညှပ်ပေးပါ၊ စိတ်ဖိစီးမှုကင်းဝေးအောင် နေထိုင်ပြီး စိတ်ပျော်ရွှင်အောင် နေထိုင်ပါ။

 

Source: Soo Healthy
#Yangon_Media_Group