#World_Technology
Published 3 November 2022

 

တီဗီတွေ ဖုန်းတွေ မျက်နှာပြင်ပိုကြီးလာအောင် ထုတ်လုပ်လာတဲ့ခေတ်မှာ ကုမ္ပဏီတစ်ခုကတော့ ကမ္ဘာ့အသေးဆုံးတီဗီကို ထုတ်လုပ်ဖို့ဆုံးဖြတ်ထားပါတယ်။

 

TinyCircuits အီလက်ထရွန်နစ်ကုမ္ပဏီကထုတ်တဲ့ တီဗီပိစိ အမျိုးအစားနှစ်မျိုးမှာ တစ်မျိုးရဲ့မျက်နှာပြင်က ၀.၆ လက်မသာရှိပြီး နောက်တစ်မျိုးကတော့ မျက်နှာပြင် ၁ လက်မကျယ်ပါတယ်။

 

ခေတ်ဟောင်းပုံစံနဲ့ ပြုလုပ်ထားတဲ့တီဗီငယ်လေးတွေမှာ အသံတိုးချဲ့တဲ့ဘုလုံးနဲ့ ရုပ်သံလိုင်းပြောင်းလို့ရတဲ့ဘုလုံးတွေ ပါရှိပါတယ်။

 

သူ့ထက်သေးတဲ့တီဗီဆိုရင် တံဆိပ်ခေါင်းအရွယ်အစားမျှသာရှိကာ တစ်ခါအားသွင်းထားရင် တစ်နာရီဖွင့်ထားနိုင်ပါတယ်။

 

ဗီဒီယိုတွေကို ကိုယ့်စိတ်ကြိုက်ထည့်နိုင်သလို USB-C အမျိုးအစားကြိုးဖြင့်လည်း ကွန်ပျူတာနဲ့ချိတ်ပြီး ကြည့်ရှုနိုင်ပါတယ်။

 

အဆိုပါတီဗီတွေမှာ 8GB မိုက်ခရိုမမ်မိုရီကတ်ပါဝင်ကာ ၁၀ နာရီမှ နာရီ ၄၀ ကြာလောက်အထိ ဖွင့်နိုင်ပါတယ်။

 

ကြိုက်နှစ်သက်ရာ ဇာတ်ကားတွေ၊ အစီအစဉ်တွေ၊ တစ်တော့ဗီဒီယိုတွေကို ထည့်သွင်းနိုင်ပါတယ်။

 

ဗီဒီယိုကြည့်ရှုနိုင်ရန်အတွက် TinyCircuits မှ အခမဲ့ပေးတဲ့ ဆော့ဖ်ဝဲတစ်ခုနဲ့ ဇာတ်ကားအမျိုးအစားပုံစံ ပြောင်းလဲပေးရပါတယ်။

 

အဆိုပါဆော့ဖ်ဝဲနဲ့ ဗီဒီယိုတွေမှာ အပြင်အဆင်တွေ ထပ်ထည့်နိုင်ပါတယ်။

 

အဆိုပါတီဗီနှစ်မျိုးစလုံးကို ခလုတ်တွေနဲ့ ထိန်းချုပ်နိုင်သလို TinyCircuits ကထုတ်လုပ်တဲ့ အဝေးထိန်းရီမုနဲ့လည်း ထိန်းချုပ်နိုင်ပါတယ်။

 

ရီမုဖြင့် စက်အဖွင့်အပိတ်၊ အသံအတိုးအကျယ်တို့ ပြုလုပ်နိုင်ပါတယ်။
တီဗီငယ်လေးကို TinyCircuits ဥက္ကဌ'ကင်ဘန်းစ်'က တီထွင်ခဲ့ပြီး အမေရိကန် အိုဟိုင်ယိုမှာ ထုတ်လုပ်ခဲ့ပါတယ်။

 

ထိုကုမ္ပဏီဟာ ၂၀၁၂ ခုနှစ်တုန်းက ကွန်ပျူတာပရော်ဆက်ဆာပုံစံငယ်ကိုလည်း ပထမဆုံးထုတ်လုပ်ခဲ့ပါသေးတယ်။

 

နောက်ဆုံးထုတ်ထားတဲ့ တီဗီငယ်နှစ်မျိုးဟာ မျက်နှာပြင်ပိုလင်းခြင်း၊ အသံပိုကျယ်ခြင်း၊ USB-C အပေါက်ပါရှိခြင်း အညွှန်းမဖတ်တတ်သူတွေအတွက် ကြိုတင်တပ်ဆင်ပေးတာတွေ ပြုလုပ်ထားပါတယ်။

 

Source: Daily Mail
#Yangon_Media_Group