#World_Health
Published 26 October 2022

 

ဝမ်းသွားပုံကိုကြည့်ပြီး ခန္ဓာကိုယ်မှာ ဘာဖြစ်နေတယ်ဆိုတာကို အရင်ဆုံးသိရှိနိုင်ပါတယ်။

 

ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲရဘူးဆိုတဲ့အတိုင်း ဝမ်းပုံမှန်သွားနေရင် ခန္ဓာကိုယ်ထဲမှာ အားလုံးကျန်းမာနေတယ်လို့ ယူဆနိုင်ပါတယ်။

 

ဝမ်းပြောင်းလဲလာပြီဆိုရင်တော့ ဒါဟာ ပြဿနာတစ်ခုခုရှိနေပြီဆိုတာကို ညွှန်ပြနေပါတယ်။

 

ပထမဆုံးသတိထားရမှာက အိမ်သာတက်တဲ့အခါ ဝမ်းမချုပ်စေဖို့ပါပဲ။ ဝမ်းရဲ့ပုံပန်းသဏ္ဍာန်၊ ပမာဏ၊ အရောင်တို့ကို ကြည့်ရှုစစ်ဆေးသင့်ပါတယ်။

 

ဝမ်းက များသောအားဖြင့် အညိုရောင်ရှိတတ်ပြီး အစိမ်းရောင်သမ်းနေလည်း ပြဿနာမရှိကြောင်း တက္ကဆပ် A&M ဆေးပညာကျောင်းမှ ဒေါက်တာ'ဂေဘရီယယ်နီးလ်'က ပြောပြပါတယ်။

 

စားလိုက်တဲ့အစာတွေဟာ အစာဟောင်းအဖြစ်ပြောင်းလဲဖို့ ၃ ရက်မျှကြာမြင့်တတ်ပါတယ်။

 

လျင်လျင်မြန်မြန်ချေလိုက်တဲ့ အစားအစာတွေဟာ အစိမ်းရောင်ပြောင်းတတ်တာကြောင့် စိတ်ပူစရာမရှိပေမယ့် ကတ္တရာလိုမည်းနေရင်တော့ ဝမ်းထဲမှာသွေးပါတဲ့သဘောဖြစ်ပါတယ်။

 

ဝမ်းသွားတဲ့အလေ့က တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။

 

တစ်ပတ်အတွင်း ၃ ကြိမ်နဲ့အောက်သာ ဝမ်းသွားတယ်ဆိုရင် ဝမ်းချုပ်တယ်လို့ ယူဆရပါတယ်။

 

အကြိမ်ရေနဲ့ပတ်သက်လို့ သတ်မှတ်ရခက်ခဲပေမယ့် ပုံမှန်အားဖြင့် တစ်နေ့ကို ၃ ကြိမ် ဒါမှမဟုတ် ၂ ကြိမ် ဝမ်းသွားတတ်ကြပါတယ်။

 

ဒါမှမဟုတ်လည်း နေ့စဉ် မိမိအကြိမ်ရေအတိုင်း ပုံမှန်သွားနေတယ်ဆိုရင်လည်း ပြဿနာမရှိပါဘူး။

 

အကြိမ်ရေအနည်းငယ်ပြောင်းလဲတာမျိုး၊ ဝမ်းပုံသဏ္ဍာန်အနည်းငယ်ပြောင်းလဲတာမျိုးက ပြဿနာမဟုတ်ပေမယ့် တစ်နေ့ ၃ ခါသွားရာကနေ တစ်ပတ် ၃ ခါလောက် ပြောင်းလဲသွားတယ်ဆိုရင်တော့ သတိထားသင့်ပါပြီ။

 

ဝမ်းထဲမှာ တစ်ခါတစ်လေ အလွန်ဆိုးရွားတဲ့အနံ့ပါနေတတ်ပြီး ဒါဟာ စားခဲ့တဲ့ အစားအသောက်နဲ့ အဓိကသက်ဆိုင်နေပါတယ်။

 

ပုံမှန်အတိုင်းမချေဖျက်နိုင်တဲ့အခါ အူမကြီးကိုရောက်သွားပြီးတော့ အချဉ်ဖောက်သွားကာ အနံ့ဆိုးထွက်လာတာဖြစ်ပါတယ်။

 

ဒါကြောင့် အစာကို စနစ်တကျချေဖျက်နိုင်ရင်တော့ အူသိမ်ပိုင်းမှာသာ အစာကြေသွားပြီး အူမကြီးကိုမရောက်ရှိတာကြောင့် အချဉ်ပေါက်ခြင်း မဖြစ်တော့ပါဘူး။

 

ဒီအတွက် အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ မြေပဲ၊ အစေ့အစံများ စားသုံးသင့်ပါတယ်။

 

ကျန်းမာနေတဲ့ခန္ဓာကိုယ်ကထွက်တဲ့ဝမ်းဟာ ဟော့ဒေါ့ပုံစံနဲ့ ဆင်တူပါတယ်။

 

ပျော့လွန်းခြင်း၊ မာလွန်းခြင်းဖြစ်တယ်ဆိုရင် ပြဿနာတစ်ခုခုရှိနေပါပြီ။
သောက်သုံးနေတဲ့ဆေးဝါးတွေကြောင့်လည်း ဝမ်းလျှောခြင်း၊ ဝမ်းများခြင်းတို့ ဖြစ်တတ်ပါတယ်။

 

အချို့ဆေးတွေကတော့ ဝမ်းပိတ်ခြင်းကို ဖြစ်စေတတ်ပါတယ်။ ဝမ်းထဲမှာသွေးပါလာရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါပြီ။

 

Source: The Jerusalem Post
#Yangon_Media_Group