#World_Science
Published 25 October 2022


သိပ္ပံပညာရှင်များဟာ ကြွက်များထံမှ သန္ဓေသားအရေပြားဆဲလ်များအသုံးပြုကာ ဆံပင်မွေးညင်းပေါက်များ ထုတ်လုပ်နိုင်ခဲ့ပြီး ဆံပင်ကျွတ်ခြင်းကို ကုသနိုင်မယ့်အလားအလာ ရှိလာပါတယ်။

 

ဂျပန်နိုင်ငံ ယိုကိုဟားမားအမျိုးသားတက္ကသိုလ်မှ အဖွဲ့က အရေပြားဆဲလ် ၂ မျိုးဖြစ်တဲ့ အက်ပီသီလီယယ်ဆဲလ်နဲ့ မီဆန်ခိုင်မယ်ဆဲလ်တို့ကို ထိန်းချုပ်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
အက်ပီသီလီယယ်ဆဲလ်များက ခန္ဓာကိုယ်အရေပြား အတွင်းပိုင်းနဲ့ အပြင်ပိုင်းတို့မှာ ဖုံးအုပ်ထားတဲ့ဆဲလ်အမျိုးအစားဖြစ်ပြီး အရေပြား၊ သွေးကြောများ၊ အင်္ဂါများမှာ တွေ့နိုင်ပါတယ်။

 

မီဆန်ခိုင်မယ်ဆဲလ်တွေကတော့ အရိုးငြမ်းတစ်ရှူးများ ပြုပြင်ထုတ်လုပ်ခြင်းအတွက် အရေးကြီးတဲ့ ရိုးတွင်းခြင်ဆီမှာတွေ့ရတဲ့ အစွမ်းထက်ပင်မစတမ်းဆဲလ်တွေ ဖြစ်ပါတယ်။
ဆံပင်မွေးညင်းပေါက်များ ထွက်ပေါ်ခြင်းက အဆိုပါဆဲလ်များကြား အပြန်အလှန်သက်ရောက်မှုနဲ့ သက်ဆိုင်နေပါတယ်။

 

ဒီစမ်းသပ်မှုကို လူသားဆဲလ်တွေနဲ့ မစမ်းသပ်ရသေးပေမယ့် လူတွေရဲ့ဦးခေါင်းမှာ ပြန်လည်ပေါက်အောင် ပြုလုပ်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။
ဆံပင်ကျွတ်ခြင်းက အဖြစ်များတဲ့ဖြစ်စဉ်ဖြစ်ပြီး အမျိုးသား ၈၀ ရာခိုင်နှုန်းကျော် ခံစားနေရပါတယ်။

 

အမျိုးသမီးဦးရေ တဝက်ခန့်ကလည်း ဆံပင်ကျွတ်ခြင်းဝေဒနာ ခံစားနေကြရပါတယ်။
ဆံပင်ကျွတ်ခြင်းကြောင့် စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ယုံကြည်မှုကျဆင်းခြင်း စတဲ့စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများဖြစ်လာနိုင်ပါတယ်။

 

မွေးညင်းပေါက်ပိုးမွှားများကို ကြွက်တွေရဲ့ အရေပြားမှာစိုက်သွင်းရာမှာ မွေးညင်းပေါက်များ ပြန်ထွက်လာခဲ့ပါတယ်။
သိပ္ပံပညာရှင်များက ဆံပင်မွေးညင်းပေါက်များထုတ်လုပ်ရာမှာ တာရှည်ခံ တည်ငြိမ်မှုပေးနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။

 

နောက်တစ်ဆင့်ကတော့ လူသားဆဲလ်တွေကိုအသုံးပြုပြီး မွေးညင်းပေါက်များထုတ်လုပ်နိုင်ဖို့ ယိုကိုဟားမားတက္ကသိုလ်က ကြိုးစားသွားမှာဖြစ်ပါတယ်။
သောကြာနေ့က ဖော်ပြချက်အရ ထိပ်ပြောင်ခြင်းအတွက် ကုသနည်းလမ်းဟာ မျှော်လင့်ချက်ရှိလာပြီဖြစ်ပါတယ်။

 

Source: Daily Mail
#Yangon_Media_Group