#World_Innovation
Published 17 October 2022

 

စကြဝဠာကြီးရဲ့ အကျယ်ပြန့်ဆုံးပုံရိပ်တွေကို ရိုက်ကူးနိုင်မယ့် ကမ္ဘာ့အကြီးမားဆုံးဒီဂျစ်တယ်ကင်မရာကို သိပ္ပံပညာရှင်များ ဖော်ထုတ်ခဲ့ကြပါတယ်။

 

ထိုကင်မရာဟာ ၃.၂၀၀ မဂ္ဂါပစ်ဇယ်ကင်မရာဖြစ်ပြီး ၁၅ မိုင်အကွာမှ ဂေါက်ရိုက်ဘောလုံးကို မြင်နိုင်တဲ့အထိ စွမ်းအားကြီးမားပါတယ်။

 

ကင်မရာအရွယ်အစားက ကားတစ်စီးစာမျှရှိပြီး မှန်ဘီလူးကပင် အချင်း ၅ ပေရှိပါတယ်။

 

ကင်မရာပြုလုပ်ပြီးစီးပါက ချီလီတောင်တန်းတစ်ခုရှိ ရူဘင်အာကာသလေ့လာရေးစခန်းကနေ ကမ္ဘာ့တောင်ဘက်ကောင်းကင်ရဲ့ ညပုံရိပ်တွေကို ဖမ်းယူနိုင်မှာ ဖြစ်ပါတယ်။

 

ညဘက်ကောင်းကင်ရဲ့ ကြယ်တွေ ဂလက်ဆီတွေကို ကျယ်ပြန့်နက်ရှိုင်းတဲ့အထိ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

 

ကင်မရာက အပြည့်အဝမပြီးသေးပေမယ့် အစိတ်အပိုင်းအားလုံး တပ်ဆင်ပြီးဖြစ်ပါတယ်။

 

ကင်မရာထားရှိရာ SLAC National Accelerator ဓာတ်ခွဲခန်းသို့ ဓာတ်ပုံဆရာများကို ဖိတ်ခေါ်ခဲ့ပြီး ပထမဆုံးအကြိမ်ကြည့်ရှုလေ့လာစေခဲ့ပါတယ်။

 

အရွယ်အစား ၅ ပေခွဲနဲ့ ၉.၈ ပေရှိပြီးတော့ ကားငယ်တစ်စီးမျှရှိကာ ၆,၂၀၀ ပေါင်အလေးချိန်ရှိပါတယ်။

 

မှန်ဘီလူးတွေမှာ CCD လို့ခေါ်တဲ့ အာရုံခံပစ္စည်း ၁၈၉ ခုပါဝင်ကာ CCD တစ်ခုဟာ iPhone တစ်လုံးထက် ပစ်ဇယ်ပိုမိုပါဝင်ပါတယ်။

 

ဒီကင်မရာက လပြည့်ဂြိုဟ်အလုံး ၄၀ ခန့်အရွယ်အစားရှိတဲ့ ကောင်းကင်ကို ရိုက်ကူးနိုင်လောက်တဲ့ စွမ်းအားရှိနေပါတယ်။

 

ကင်မရာကို အချောသတ်ထုတ်လုပ်ပြီးပါက ၂၀၂၃ မေလမှာ ချီလီကိုတင်ဆောင်မှာဖြစ်ပြီး လာမယ့်နှစ်အတွင်း အပြည့်အဝစတင်လုပ်ဆောင်မှာဖြစ်ပါတယ်။

 

ဒီအောင်မြင်မှုက ရူဘင်လေ့လာရေးစီမံကိန်းရဲ့ အထင်ရှားဆုံးဖြစ်ကြောင်း ညွှန်ကြားရေးမှူး'စတီဗင်ခန်း'က ပြောပြခဲ့ပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group