Published 22 Sept 2021

ဂျပန်နိုင်ငံက အမြွှာညီအစ်မဟာ အသက်၁၀၇နှစ်နှင့် ရက်ပေါင်း၃၀၀ ရှိတဲ့ ကမ္ဘာ့အသက်အသက်အကြီးဆုံး အမြွှာအဖြစ် ဂင်းနက်စ်ကမ္ဘာ့မှတ်တမ်းဝင်သွားပါတယ်။ သူတို့ဟာ ၁၉၁၃ခုနှစ်မှာ မွေးဖွားကြသူများဖြစ်ကြပါတယ်။
မူမီနို ဆူမီယာမာနှင့် ကူမီကိုဒါမားတို့ဟာ ၁၉၁၃ခုနှစ် နိုဝင်ဘာ ၅ရက်နေ့မှာ ဂျပန်နိုင်ငံ ကာဂါဝါစီရင်စုရှိ ရှိုဒိုကျွန်းမှာ မွေးဖွား လာခဲ့ကြပါတယ်။သူတို့ရဲ့အသက်ကို စက်တင်ဘာ၁ရက်မှာအတည်ပြုပေးပြီးတဲ့နောက် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းက သူတို့ကို အသက်အကြီးဆုံးအမြွာဆုကို ချီးမြှင့်ခဲ့ပါတယ်။
အမြွာ ညီအစ်မဟာ ဘိုးဘွားရိပ်သာတစ်ခုစီမှာ သီးခြားစီခွဲနေထိုင်နေကြတာပါ။ ကိုဗစ်-၁၉ကြောင့် မှတ်တမ်းတင်လက်မှတ်ကို စာတိုက်ကနေပဲ သူတို့ဆီကို ပို့ပေးနိုင်ခဲ့ပါတယ်။
ဒီမှတ်တမ်းဆုကို ယခင်က ဂျပန်က ကင်နာရီတာနှင့် ဂင်ကန်နီတို့ ရရှိခဲ့ကြတာဖြစ်ပေမယ့် ကင် နာရီတာဟာ ၂၀၀၀ပြည့်နှစ်တုန်းက အသက်၁၀၇နှစ်နှင့် ၁၇၅ ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။

လက်မှတ်ကို အဖွားကိုပေးတဲ့အခါ ဆူမီယာမာဟာ စိတ်လှုပ်ရှားလွန်းလို့ မျက်ရည်တွေကျလာတယ်လို့ ဘိုးဘွာရိပ်သာ အလုပ်သမားတစ်ဦးက ပြောပါတယ်။ မှတ်ဉာဏ်ချို့ယွင်းနေတဲ့ ကိုဒါမားကတော့ လက်မှတ်ရဲ့အရေးပါမှုကို သဘောပေါက်နိုင်စွမ်းမရှိဖြစ်နေရတယ်လို့ ဂင်းနက်စ်က ပြောပါတယ်။

Source: Guinness