#World_Health
Published 11 October 2022

 

ဆီးချိုရောဂါဒုတိယအမျိုးအစားရှိသူတွေရဲ့ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်မယ့် ထိုးဆေးတစ်မျိုးကို ဆေးဝါးကွပ်ကဲရေးမှ အသိအမှတ်ပြုလိုက်ပါပြီ။

 

ထိုဆေးကို အိမ်မှာကိုယ်တိုင်ထိုးနှံနိုင်ပြီး အပတ်တိုင်းအသုံးပြုနိုင်ပါတယ်။

 

Tirzepatide ဆေးကို လူပေါင်း ၂,၅၀၀ ကျော်မှာ လေ့လာခဲ့ရာမှာ ဆေးပမာဏအများဆုံး အသုံးပြုသူတွေက ကိုယ်အလေးချိန် ၅၆ ပေါင်ခန့် ကျဆင်းခဲ့ကြောင်း ယခုနှစ်အစောပိုင်းက သတင်းကြီးသွားခဲ့ပါတယ်။

 

ဆီးချိုရောဂါဒုတိယအမျိုးအစားရှိသူတွေရဲ့ သွေးတွင်းသကြားဓာတ်ကို လျှော့ချနိုင်ရန် အစကတော့ Tirzepatide ကို ဆေးဝါးအဖြစ်ထုတ်လုပ်ခဲ့ပါတယ်။

 

အခုတော့ ဆီးချိုအခြေအနေမထိန်းနိုင်တဲ့ သူတွေအတွက် ဆေးဝါးနဲ့ကျန်းမာရေးပစ္စည်းကွပ်ကဲရေးဌာန(MHRA)က ထိုးဆေးကိုပါ ခွင့်ပြုလိုက်ပါတယ်။

 

အဆိုပါထိုးဆေးကို အင်္ဂလန်နဲ့ ဝေးလ်စ်နိုင်ငံတို့မှာ နောက်လဧပြီ စတင်အသုံးပြုမှာလားဆိုတာ ကျန်းမာရေးစောင့်ကြည့်ရေးအဖွဲ့ NICE က ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

 

ဆေးက သကြားဓာတ်သိသိသာသာ ကျစေရုံသာမက ကိုယ်အလေးချိန်ပါ ကျစေပြီး ဆီးချိုအတွက် အသုံးဝင်မယ့်ဆေးများထဲ ပါဝင်လာမှာဖြစ်ကြောင်း ဂလက်စ်ဂိုတက္ကသိုလ်မှ ပရော်ဖက်ဆာ'နာဗိဆက်တာ'က ကြေညာလိုက်ပါတယ်။

 

ယူကေမှာ ကိုယ်အလေးချိန်နဲ့ ဆီးချိုပမာဏတက်နေတာကြောင့် Tirzepatide ကို အသိအမှတ်ပြုလိုက်တာက အရေးကြီးပါတယ်။
Tirzepatide ဆေးကိုထိုးတဲ့အခါ အလိုအလျောက်ထိုးပေးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။

 

ဒီဆေးက အစာစားချင်စိတ်ကိုလည်း ဖိနှိပ်ပေးထားပါတယ်။
ကိုယ်အလေးချိန်က ၁၀ ပေါင်ခန့်ကျဆင်းကာ အစာအိမ်ကျဉ်းမြောင်းသွားစေပါတယ်။

 

ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေက မူးဝေအော့အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ဖြစ်တတ်ပေမယ့် အနည်းအကျဉ်းမျှသာဖြစ်ပါတယ်။

 

ကျောက်ကပ်ပြဿနာရှိလို့ မက်ဖော်မင်အသုံးမပြုနိုင်တဲ့ ဆီးချိုဝေဒနာသည်တွေမှာ ကိုယ်တိုင်ထိုးနှံနိုင်မှာဖြစ်ပါတယ်။

 

Mounjaro (tirzepatide) ကို ဆီးချိုမထိန်းနိုင်တဲ့လူကြီးတွေမှာ အသုံးပြုဖို့ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာအတည်ပြုပါတယ်လို့ MHRA မှ ပြောရေးဆိုခွင့်ရှိသူက ပြောပြခဲ့ပါတယ်။

 

ဆေးတွေအနေနဲ့ ဘေးကင်းစိတ်ချရမှု၊ အရည်အသွေး၊ ထိရောက်မှုတွေမှာ မျှော်မှန်းချက်များအတိုင်း မပြည့်မီဘဲနဲ့ အသိအမှတ်မပြုပါဘူး။

 

Source: Daily Mail
#Yangon_Media_Group