#World_Health
Published 14 September 2022

 

ရေ၊ သံပယိုသီး၊ ချီယာစေ့တိုပါဝင်တဲ့ ဖျော်ရည်ဟာ အစာအိမ်ထဲကချိုးတွေကို ဖယ်ရှားပေးကာ ခန္ဓာကိုယ်တွင်းကို သန့်စင်ပေးနိုင်တယ်လို့ 'ဒါရိုင်းဂျော့ဖာ'က ပြောကြားခဲ့ပါတယ်။

 

ဒီဖျော်ရည်က ဝမ်းချုပ်ခြင်း၊ ဖောရောင်ခြင်း၊ အရက်နာကျခြင်းတို့ကိုပါ သက်သာစေတယ်လို့ ဆိုကြပါတယ်။

 

ဒီသောက်စရာထဲမှာ ပါဝင်တဲ့ ချီယာစေ့က စုပ်ယူအားကောင်းပြီး အမျှင်ဓာတ်များပါဝင်ကာ အရည်ထဲထည့်လိုက်ရင် ပွလာပါတယ်။

 

အစာချေစနစ်ကို ကောင်းမွန်စေပြီး အူထဲက ကောင်းကျိုးပြုဘက်တီးရီးယားများကို အားဖြည့်စေပါတယ်။

 

အူကျန်းမာရေးကို ကောင်းမွန်စေတာက အစာချေစနစ်ကို မြှင့်တင်ပေးတာတော့ မဟုတ်ပါဘူး။

 

ခန္ဓာကိုယ်ထဲမှာ ဒီအလုပ်တွေက အလိုအလျောက်လုပ်ဆောင်နေတာဖြစ်ပြီး အစာမြန်မြန်ကြေအောင် ထိန်းချုပ်လို့မရပါဘူး။

 

အချို့လူတွေက ဝမ်းချုပ်သက်သာတာနဲ့ အစာချေစနစ်ကောင်းတာကို ရောထွေးနေတတ်ကြပါတယ်။

 

သောက်သုံးနည်းပုံစံကတော့..

 

- ရေတစ်ဖန်ခွက်

 

- ချီယာစေ့ ထမင်းစားဇွန်း ၂ ဇွန်း၊ သံပယိုသီး ၁ လုံး အရည်ညှစ်ထည့်

 

- ဆားကို လက်ဘက်ရည်ဇွန်း ၈ ပုံ ၁ ပုံထည့်

 

- မွှေပြီးတော့ ချီယာစေ့က ရေကိုစုပ်ယူသွားအောင် ၁၅ မိနစ်ခန့်ထား

 

- နောက်တစ်ခါမွှေပြီး သောက်ပါ

 

နောက်ပိုင်းကျရင်တော့ ချီယာစေ့ကို တဖြည်းဖြည်းချင်း များများထည့်နိုင်ပါတယ်။

 

ချီယာစေ့ ၂ ဇွန်းမှာ အမျှင်ပမာဏ ၁၀ ဂရမ်မျှပါဝင်ပြီး လူကြီးများအနေနဲ့ တစ်နေ့ကို ၁၀ ဂရမ်မျှ သောက်သုံးနိုင်ပါတယ်။

 

ဒီအရည်ထဲမှာ ကျန်းမာစေတဲ့ ပါဝင်ပစ္စည်းများပါဝင်ပေမယ့် ရေကိုသံပယိုသီးနဲ့ ဖျော်သောက်တာကတင် အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။

 

သံပယိုရော၊ ချီယာစေ့ရော ထည့်သောက်နိုင်ပေမယ့် အနည်းငယ်သာထည့်ဖို့ အကြံပေးထားပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group