#World_Astrology
Published 10 September 2022

 

အသက်ရှင်နေထိုင်ဖို့ အခြေခံလိုအပ်ချက်တွေ တည်ရှိနေတဲ့ စူပါကမ္ဘာဂြိုဟ်နှစ်လုံးဟာ ကြယ်တစ်လုံးကို အလင်းနှစ် ၁၀၀ အကွာအဝေးမှ လှည့်ပတ်နေကြောင်း တွေ့ရှိခဲ့ကြပါတယ်။

 

LP 890-9 ဂြိုဟ်မှာ နေအဖွဲ့အစည်းအပြင်ဘက်ကနေ လှည့်ပတ်နေတဲ့ LP 890-9b နဲ့ LP 890-9c ဂြိုဟ်နှစ်လုံးပါဝင်ပြီး LP 890-9b ဂြိုဟ်ကို နာဆာဂြိုဟ်တုအဖွဲ့က အရင်ဆုံးရွေးချယ်ခဲ့ဖူးပါတယ်။

 

ဒါကို SPECULOOS မှန်ပြောင်းများဖြင့် တွေ့ရှိခဲ့တာဖြစ်ပြီး ဘာမင်ဂမ်တက္ကသိုလ်မှာ အသုံးပြုတဲ့ မှန်ပြောင်းတစ်ခုဖြင့် နောက်ထပ်ဂြိုဟ်ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

 

LP 890-9b က ကမ္ဘာဂြိုဟ်ထက် ၃၀ ရာခိုင်နှုန်းပိုကြီးကာ ကြယ်ကို ၂.၇ ရက်ဖြင့် တစ်ပတ်ပြည့်အောင် လည်ပါတယ်။

 

LP 890-9c ကတော့ ကမ္ဘာထက် ၄၀ ရာခိုင်နှုန်းပိုကြီးကာ လည်ပတ်ရာမှာ ၈.၅ ရက်ကြာမြင့်ပါတယ်။

 

SPECULOOS မှန်ပြောင်းရဲ့ရည်ရွယ်ချက်က နေအဖွဲအစည်းအပြင်ဘက်က သက်ရှိအသက်ရှင်နေထိုင်နိုင်ရန် လိုအပ်ချက်တွေပြည့်မီတဲ့ ဂြိုဟ်တွေကို ရှာဖွေဖို့ပါပဲ။

 

လေ့လာမယ်ဆိုရင်တော့ အဲဒီဂြိုဟ်မှာ သက်ရှိတွေနေထိုင်နိုင်မယ့် အခြေအနေနဲ့ လေထုသက်ရောက်မှုရှိလားဆိုတာကို စူးစမ်းသွားရမှာပါ။

 

နာဆာရှာဖွေရင်းနဲ့ လွဲသွားဖွယ်ရှိခဲ့တဲ့ စကြဝဠာထဲက အခြားဂြိုဟ်တွေကို ဒီမှန်ပြောင်းတွေနဲ့ အသုံးပြုရှာဖွေသွားမှာဖြစ်ပါတယ်။

 

ဖြစ်နိုင်တဲ့ဂြိုဟ်တွေရဲ့ သဘာဝနဲ့ ဂြိုဟ်တွေရဲ့ အရွယ်အစား လည်ပတ်ခြင်းဝိသေသများကို ပိုမိုသိရှိနိုင်ရန် မြေပြင်ရှိမှန်ပြောင်းများဖြင့် လေ့လာရလေ့ရှိပါတယ်။

 

SPECULOOS စီမံကိန်းရဲ့ မှန်ပြောင်းတွေကို တယ်နာရစ်ကျွန်းနဲ့ ချီလီနိုင်ငံ ESO ပါရာနယ်လေ့လာရေးစခန်းတို့မှာ တပ်ဆင်ထားတာဖြစ်ပါတယ်။

 

SPECULOOS မှန်ပြောင်းက အပြင်ဘက်ဂြိုဟ် LP 890-9c ကို တွေ့ရှိခဲ့တာကြောင့် SPECULOOS-2c လို့ အမည်ပေးခဲ့ပါတယ်။

 

ဒီဂြိုဟ်က သက်ရှိနေထိုင်ရန်အတွက် သိပ်ပြီး မပူလွန်း မအေးလွန်းပေမယ့် လေထုဖိအားကိုတော့ လေ့လာရဦးမှာပါ။

 

ပရော်ဖက်ဆာ'ထရိုင်ယော့'က ပြင်ပဂြိုဟ်တွေရဲ့ ရာသီဥတုကွဲပြားမှုများအကြောင်း သိရှိစေရန် သမပိုင်းနေရာတွေ အများအပြားတွေ့ရှိဖို အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။

 

Source: Daily Mail
#Yangon_Media_Group