#World_Health
Published 1 Sept 2022

 

တစ်နေ့ကို ဗြိတိန်လက်ဖက်ရည်ကြမ်းများများ သောက်သုံးသူတွေဟာ သောက်လေ့မရှိတဲ့ လူတွေထက်စာရင် အသက်သေဆုံးနိုင်ချေနည်းပါးကြောင်း ဩဂုတ် ၂၉ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ ၁၄ နှစ်အတွင်း ယူကေမှ လူသန်းတဝက်ခန့်ကို စောင့်ကြည့်လေ့လာခဲ့ရာ လက်ဖက်ရည်ကြမ်း ၂ ဖန်ခွက်နဲ့အထက် သောက်သုံးသူတွေက အသက်ဆုံးပါးနိုင်ချေ ပိုနည်းတယ်လို့ တွေ့ရပါတယ်။
များများသောက်တဲ့အခါ နှလုံးသွေးကြောရောဂါနဲ့ လေဖြတ်ခြင်းအန္တရာယ် လျော့နည်းစေနိုင်ကြောင်း အမျိုးသားကင်ဆာတက္ကသိုလ်ဆေးရုံမှ ထောက်ပံ့တဲ့ လေ့လာချက်မှာ သိရှိရပါတယ်။

 

အရင်ကလေ့လာမှုတွေမှာတော့ တရုတ်နဲ့ဂျပန်တို့လို အာရှနိုင်ငံများမှာ အဓိကသောက်သုံးတဲ့ လက်ဖက်စိမ်းရည်သောက်သုံးခြင်းနဲ့ ကျန်းမာရေး ကောင်းကျိုးရရှိစေခြင်းတို့ရဲ့ ဆက်စပ်မှုတွေကို တွေ့ရှိခဲ့ကြပါတယ်။

 

လက်ဖက်ရည်ကြမ်းများများ သောက်သုံးခြင်းက သေဆုံးနိုင်ချေလျော့နည်းစေတယ်ဆိုတဲ့ ပတ်သက်မှုဟာ လက်ဖက်ရည်ထဲ နို့၊ သကြားများထည့်သောက်တဲ့ လူတွေအတွက်တော့ မသက်ဆိုင်သလို ဘယ်လောက်ပဲ ကဖင်းဓာတ်ကို ချေဖျက်နိုင်စွမ်းရှိရှိ အကျိုးမသက်ရောက်စေပါဘူး။

 

သင့်တင့်မျှတတဲ့ လက်ဖက်ရည်ကြမ်းပမာဏသာ သောက်သုံးသူတွေက အများအပြား သောက်သုံးသူတွေထက် ပိုပြီးကျန်းမာစေတယ်လို့ ထင်မှတ်ရပါတယ်။

 

သင့်တင်စွာသောက်တဲ့ သူတွေက ဆေးလိပ်မသောက်၊ အသားအနည်းငယ်သာ စားသုံးသူတွေဖြစ်ပြီး လက်ဖက်ရည်ကြမ်းကို အပူလျော့တဲ့အချိန်မှာ သောက်တတ်ကြပါတယ်။

 

စမ်းသပ်တဲ့လူတွေအများစုက လူဖြူတွေဖြစ်တာကြောင့် မျိုးရိုးဗီဇ အနေအထိုင်စရိုက်မတူတဲ့ အခြားလူတွေကိုတော့ ဘယ်လောက်အထိ သက်ရောက်မှုရှိသလဲဆိုတာ သိပ်ပြီးမသိရသေးပါဘူး။

 

အခြားလေ့လာသုံးသပ်ချက်တွေလိုပဲ လက်ဖက်ရည်ကြမ်းသောက်ခြင်းက သေဆုံးနိုင်ချေနည်းပါးတယ်ဆိုတာကို အသေအချာကြီးထောက်ခံနေတာတော့ မဟုတ်ကြောင်း မက်ဒရစ်တက္ကသိုလ်မှ ကျန်းမာရေးနှင့်ကာကွယ်ရေးပရော်ဖက်ဆာ'ဖာနန်ဒိုရိုဒရီဂွက်ဇ်အာတေးလ်ဟို'က ပြောပြသွားပါတယ်။

 

အသက်ဆုံးပါးနိုင်ချေနည်းတယ်ဆိုတာ လက်ဖက်ရည်ကြမ်းသောက်ခြင်းကြောင့် ရလာတဲ့အခြားအကျိုးကျေးဇူးများကြောင့်လည်း ဖြစ်နိုင်ပါတယ်။

 

လက်ဖက်ရည်ကြမ်း ပုံမှန်သောက်လေ့မရှိသူက အခုမှစသောက်ပြီး ကျန်းမာရေးကောင်းမွန်လာစေလားဆိုတာကိုလည်း မဖော်ပြခဲ့ပါဘူး။

Source: The Straits Times
#Yangon_Media_Group