#World_News
Published 25 Aug 2022

ပြီးခဲ့တဲ့လက လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ လုံခြုံရေးယူတဲ့အပေါ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် ဂျပန်နိုင်ငံ အမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ဟာ နှုတ်ထွက်ကြောင်း ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။

 

“ကျွန်တော်တို့ ဝန်ထမ်းရေးရာကို အပြောင်းအလဲလုပ်ပြီး လုံခြုံရေးတာဝန်တွေကို အသစ်တဖန်စတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒါကြောင့် အမျိုးသားပြည်သူ့လုံခြုံရေးကော်မရှင်ထံ ဒီကနေ့ပဲ ကျွန်တော့်နှုတ်ထွက်စာကို တင်သွင်းခဲ့ပါတယ်” လို့ အီတာရူ နာကာမူရာက သတင်းထောက်တွေကို ပြောပါတယ်။

 

ဝန်ကြီးချုပ်ဟောင်းကို လုံခြုံရေးအကာအကွယ်ယူမှု ချို့ယွင်းခဲ့တာနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရှာဖွေတွေ့ရှိမှု အသေးစိတ် သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်အတွင်း ရဲချုပ်က သူနှုတ်ထွက်တာကို ကြေညာခဲ့တာဖြစ်ပါတယ်။

 

“အဲဒီအဖြစ်အပျက်ကို စုံစမ်းဖော်ထုတ်ပြီးတဲ့အခါ ကျွန်တော်တို့ရဲ့ လုံခြုံရေးစနစ်ကြီးကို အောက်ခြေကအစ ပြုပြင်ပြောင်းလဲ အသစ်တဖန်စတင်ဖို ဆုံးဖြတ်ခဲ့ကြတာပါ”လို့ သူက ဖြည့်စွက်ပြောပါတယ်။

 

အာဘေးဟာ ဇူလိုင်(၈)ရက်နေ့မှာ မဲဆွယ်ပွဲတစ်ခု တက်ရောက်နေတုန်း သေနတ်နှင့်လုပ်ကြံသတ်ဖြတ်ခံရတာ ဖြစ်ပါတယ်။

 

သူ့ကိုသတ်သူကို အခင်းဖြစ်တဲ့နေရာမှာပဲ ရဲကဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်းဟာ Unification Church နှင့် ဆက်နွယ်တယ်ထင်ပြီး သတ်ဖြတ်ခဲ့တာလို့ ပြောပါတယ်။

 

သေနတ်ပထမတစ်ချက်နှင့် ဒုတိယတစ်ချက်အကြား ၂.၅ စက္ကန့်အချိန်ကလေးအတွင်း အာဘေးရဲ့ သက်တော်စောင့်တွေဟာ သူ့ကို ကာပေးတာ ဒါမှမဟုတ် ဆွဲထုတ်တာလုပ်ပြီး သူ့ကို ကယ်ပေးနိုင်တယ်လို့ ဗွီဒီယိုကြည့်ရတဲ့ လုံခြုံရေးပညာရှင် (၈)ဦးက ရိုက်တာကို သုံးသပ်ပြောပြပါတယ်။

 

ရဲတွေဟာ တာဝန်ကို အပြည့်အဝထမ်းဆောင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ အမျိုးသားရဲ့ အေဂျင်စီက ရိုက်တာကို ပြောခဲ့ပါတယ်။

Source: Reuters
#Shinzo_Abe
#Japan_Police_Chief
#Japan_Politics
#Yangon_Media_Group