Published 21 August 2022

ရဲဆိုတာ အမြဲတမ်း အဓိကသံသယရှိသူကိုဖော်ထုတ်ရစမြဲပါ။ ဒီတစ်ခါမှာလည်း ရဲက အဓိက တရားခံကို ဖော်ထုတ် လိုက်ပါတယ်။  ဒါပေမယ့် တရားခံက ပရိုင်းမိတ်တရားခံဖြစ်နေပါတယ်။

ကာလီဖိုးနီးယားပြည်နယ်၊ဆန်လူဝစ် အော့ဘစ်ပို ခရိုင်ရဲရုံးကို ပြီးခဲ့တဲ့ အပတ်စနေနေ့ညက အရေးပေါ်ဖုန်း 911 ခေါ်ဆိုမှုတွေရရှိခဲ့ပါတယ်။ ဒါပေမယ့် ရဲကတော့ အဲဒီခေါ်ဆိုသူဟာ တိရိစ္ဆာန်ရုံက ကာပူချင်မျောက်ကလေးတစ်ကောင်   ပဲ ဖြစ်လိမ့်မယ်လို့ ယုံကြည်သွားခဲ့ရပါတယ်။

အဲဒီညက 911 ခေါ်ဆိုမှုဝင်လာပြီး ဖုန်းပြတ်တောက်သွား ပါတယ်။ အဲဒါကြောင့် ဖုန်းလက်ခံရသူက အဲဒီဖုန်းကိုပြန်   ခေါ်ပါ   တယ်။ မက်ဆေ့ချ်ပြန်ပို့ပါတယ်။ ဒါပေမယ့် ဘာတစ်ခုမှ တုန့်ပြန်တာမရှိခဲ့ပါဘူး။ အဲဒါကြောင့် ဒုရဲမှူးတွေကို စုံစမ်းစစ်ဆေးဖို့ လွှတ်လိုက်ပါတယ်လို့ ရဲအရာရှိတွေက ဆိုရှယ်မီဒီယာမှာ ပို့စ်ရေးတင်ခဲ့ပါတယ်။

လိပ်စာကိုစုံစမ်းတော့ ပက်ဆိုရော့ဘဲလ်နားက တိရိစ္ဆာန်ရုံတစ်ရုံဆိုတာ ရဲတွေက သိလိုက်ပါတယ်။ ဒါပေမယ့် ရဲတွေရောက် သွားတော့ ဖုန်းခေါ်တဲ့သူတစ်ယောက်မျှ ရှာမတွေ့ခဲ့ပါဘူး။

နောက်ဆုံးတော့ “ရု” ဆိုတဲ့ ကာပူချင် မျောက်ကလေးပဲဖြစ်ရမယ်လို့ ရဲတွေက ကောက်ချက်ချလိုက်ကြပါတယ်။ ရုဟာ  ရွှေ့ပြောင်းသွားနေကြ ဂေါက်လှည်းကလေးတစ်စီးပေါ်ရှိနေတဲ့ ဆဲလ်ဖုန်းတစ်လုံးကို ကောက်ယူပြီး နှိပ်လိုက်ပုံရတယ်လို့ ရဲက ထင်ကြေးပေးပါတယ်။

“ ကာပူချင်မျောက်တွေဟာ သိပ်စပ်စုတတ်ကြပြီး အရာအားလုံးကို ဖမ်းဆုပ်ကိုင်ချင်ကြတယ်။ အဲဒါကြောင့် ဖုန်းကိုဖမ်းကိုင် လိုက်ပြီး ခလုတ်ကိုနှိပ်လိုက်တာဖြစ်နိုင်တယ်လို့ ပြောကြပါတယ်” လို့ ရဲအရာရှိတွေက ပြောပါတယ်။

Source: HuffPost

#Capuchin_monkey

#911_Zoo

#911_call