Published 14 August 2022

ယခုတော့ ဂျို့စ်ဆွာ ဒေါ့ဆွန်တစ်ယောက် သံတိုင်တွေနောက် အသွင်းခံထားနေရတာကို ဂရိတ်တားမန်ချက်စတာရဲတပ်ဖွဲ့က သတိပြုမိလိုက်ပြီး သူ့အနေနှင့် ကိုးလ ထောင်ဒဏ်ကို ခံနိုင်ရည်ရှိတော့မှာပါလို့ ယုံကြည်ထားကြပါတယ်။

အင်္ဂလန်နိုင်ငံ မန်ချက်စတာက ကားသူခိုးတစ်ဦးဖြစ်သူဟာ အဖမ်းခံရမှာကို ခံနိုင်ရည်ရှိပုံံမရလို့  ငါးပေအမြင့်ရှိတဲ့ တက်ဒီဝက်ဝံ အရုပ်ကြီးထဲ ဝင်ပုန်းဖို့ကြိုးစားခဲ့တာပါ။

ဂျို့စ်ဆွာ ဒေါ့ဆွန်ဟာ ရုပ်ဖျက်နိုင်တဲ့ဆရာကြီးတစ်ဦးဖြစ်ဖို့ သူကြိုးစားခဲ့ပေမယ့်  အလုပ်မဖြစ်ခဲ့ပါဘူး။ သူဟာ အခုဆိုရင် သံတိုင်တွေနောက်မှာ အချိန်တွေကုန်ဆုံးရမှာကို အောင့်အီးသည်းခံရတော့မှာဖြစ်ပါတယ်။

အသက်၁၈နှစ်အရွယ်သူ့ဟာ  ကားတစ်စီးကို ခိုးယူပြီး ဓာတ်ဆီထည့်ထားတွေအတွက်လည်း ပိုက်ဆံမပေးခဲ့တဲ့အတွက် မေလကတည်းက သူ့ကို  ဂရိတ်တာမန်ချက်စတာရဲက  အလိုရှိနေခဲ့ပါတယ်။

ဒေါ့ဆွန်ဟာ ဇူလိုင်မတိုင်ခင်အထိ အရှောင်အတိမ်းကောင်းလို့ လွတ်မြောက်နေခဲ့ပါတယ်။ ဇူလိုင်မှာတော့  ရိုချ်ဒါလေးမှာ ရှိတဲ့ အိမ်တစ်အိမ်ကို  ရှာဖွေတဲ့အခါ  ဝက်ဝံရုပ်ကြီး အသက်ရှုနေတာကို ရဲတွေက သတိပြုမိလိုက်တယ်လို့ ရဲဌာနပြောရေးဆိုခွင့်ရသူက ပြောပါတယ်။

သူဟာ အဲဒီအရုပ်ထဲ ဝင်ပုန်းနေခဲ့တာဖြစ်ပြီး ရဲတွေက သူ့ကို ထိန်းသိမ်းခဲ့ပါတယ်။ အဲဒီနောက် ရာဇဝတ်မှုနှင့် တရားစွဲဆိုခဲ့ပါတယ်။ သူ့ကို ပြီးခဲ့တဲ့အပတ်မှာ ထောင်ဒဏ်(၉)လချမှတ်လိုက်တယ်လို့ မက်ထရိုသတင်းဌာနက ရေးသားပါတယ်။

ဂရိတ်တားမန်ချက်စတာရဲဌာနက သူထောင်ကျသွားတဲ့အကြောင်း ဖေ့စ်ဘုတ်ခ်မှာ ကြေညာခဲ့ပါတယ်။

“ သူဟာ ကားတစ်စီးကိုခိုးယူတယ်။ ပြီးတော့ တရားမဝင်မောင်းနှင်တယ်။ဓာတ်ဆီဆိုင်မှာ ပိုက်ဆံမပေးဘဲ ဆီဖြည့်တယ် ။အခုတော့ ပြီးခဲ့တဲ့အပတ်မှာ သံတိုင်တွေကြားထဲ ရောက်သွားပါပြီ။ သူဟာ အထဲမှာ သည်းခံနေနိုင်မယ်လို့ ယုံရတာပဲ” လို့ ရဲက ပြောပါတယ်။

Soure: Huffpost

#Car_Thief

#Giant_Teddy_Bear