#World_Health
Published 12 August 2022

 

Langya henipavirus (LayV) လို့ခေါ်တဲ့ ဗိုင်းရပ်အသစ်တစ်မျိုးကို တရုတ်နိုင်ငံရှိ လူနာ ၃၅ ဦးမှာ တွေ့ရှိခဲ့ကြောင်း တရုတ်နဲ့ စင်္ကာပူသိပ္ပံပညာရှင်များက New England Journal of Medicine ဂျာနယ်မှာ ကြာသပတေးနေ့က ဖော်ပြလိုက်ပါတယ်။

 

အဆိုပါ ဟန်နီပါဗိုင်းရပ်စ်ဟာ ဟန်ဒရာနဲ့ နီပါဗိုင်းရပ်စ်တို့နဲ့ နီးစပ်ပြီး လူသားတွေကို ကူးစက်စေနိုင်ကာ အသက်အန္တရာယ်ရှိတဲ့ရောဂါဖြစ်ပါတယ်။

 

ဒီဗိုင်းရပ်စ်က မိုဂျီယန်ဟန်နီပါဗိုင်းရပ်စ်နဲ့ အနီးစပ်ဆုံးဆင်တူပါတယ်။

 

LayV ရောဂါဖြစ်ပွားတဲ့သူတွေကတော့ ၂၆ ယောက်ရှိနေပြီး ဖျားနာခြင်း၊ နွမ်းနယ်ခြင်း၊ ချောင်းဆိုးခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ မူးဝေးခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းတို့အပြင် သွေးကျဲခြင်း၊ သွေးဖြူဥနည်းခြင်း၊ အသည်းနှင့်ကျောက်ကပ်လုပ်ဆောင်ချက်များ ပျက်စီးခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။

 

ထိုဗိုင်းရပ်စ်ကြောင့် သေဆုံးသူမရှိသေးပေးမယ့် ဟန်ဒရာနဲ့ နီပါဗိုင်းရပ်စ်တိုကတော့ ခန့်မှန်းချေအားဖြင့် သေဆုံးမှုနှုန်း ၄၀ မှ ၇၀ ရာခိုင်နှုန်းကြားရှိနေပါတယ်။

 

ဒါ့အပြင် ထိုဗိုင်းရပ်စ်ကို ဆိတ်၊ ခွေးတို့နဲ့ ကြွက်စုတ်တွေမှာ တွေ့ရှိထားပြီး ကြွက်စုတ်တွေက LayV ဗိုင်းရပ်စ်သယ်ဆောင်ထားသူတွေ ဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်များက ယူဆထားပါတယ်။

 

LayV ကြောင့် ရောဂါလက္ခဏာတွေပေါ်ပေါက်တယ်ဆိုတာကို အတည်မပြုနိုင်သေးပေမယ့် အချက်အလက်အချို့အရတော့ ဖြစ်နိုင်ပါတယ်။

 

လူနာ ၂၆ ယောက်ထဲက တစ်ဦးမှာ LayV ရောဂါတစ်မျိုးသာ ကူးစက်ထားကြောင်း အတည်ပြုထားပြီး အဆုတ်ရောင်ရောဂါရှိတဲ့သူတွေမှာတော့ ဗိုင်းရပ်စ်ပမာဏအများအပြားတွေ့ရပါတယ်။

 

ဗိုင်းရပ်စ်က လူသားအချင်းချင်းကူးစက်နိုင်တဲ့ အထောက်အထားမျိုးတော့ မတွေ့ရသေးပေမယ့် နီပါဗိုင်းရပ်စ်ကတော့ လူသားအချင်းချင်းကူးစက်နိုင်ပါတယ်။

 

ထိုအချက်အလက်ကို ဆုံးဖြတ်ဖို့အတွက် သိပ္ပံပညာရှင်တွေက နမူနာအနည်းငယ်သာ ရရှိထားပါသေးတယ်။

 

အဆိုပါ လူနာတွေကြား အချင်းချင်းထိတွေ့ဆက်ဆံမှုမရှိထားပါဘူး။
LayV ရဲ့အခြေအနေကို စောင့်ကြည့်နေကြပြီး မျိုးဗီဇတည်ဆောက်ပုံသိရှိနိုင်ရန် ဓာတ်ခွဲခန်းများအတွက် စံသတ်မှတ်ချက်လုပ်ငန်းစဉ်များ ချမှတ်သွားမှာ ဖြစ်ပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group