#Health_Tips
Published 10 August 2022

 

အအေးမိခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းတိုကို လူတွေဟာ အနည်းနဲ့အများကြုံတွေ့ခဲ့ကြဖူးပြီး ဆေးဝါးတွေနဲ့ ချက်ချင်းသက်သာအောင် မလုပ်နိုင်ကြပါဘူး။

 

ဒါပေမဲ့ အိမ်တွင်းကုထုံးတွေနဲ့ သက်သာအောင် ပြုလုပ်လိုရနိုင်ပါတယ်။

 

*ကြက်စွပ်ပြုတ်
ကြက်စွပ်ပြုတ်ပူပူနွေးနွေးမှာပါဝင်တဲ့ ပရိုတိန်းဆစ္စတိန်းဟာ ဆဲလ်တွေကိုအားကောင်းစေပြီး ရောင်ရမ်းခြင်းကို တားဆီးပေးကာ ဗိုင်းရပ်စ်တွေကို ဟန့်တားပေးပါတယ်။

 

ဒါ့အပြင် ဇင့်နဲ့ ကယ်လ်စီယမ်ဓာတ်တိုက ရောဂါခုခံအားကို မြှင့်တင်ပေးပါတယ်။

 

ကြက်စွပ်ပြုတ်က ပြုလုပ်ရလွယ်ကူပြီး စွပ်ပြုတ်အရည်နဲ့ အသားနည်းနည်းစားသုံးခြင်းဖြင့် အကျိုးကျေးဇူးရရှိစေမှာ ဖြစ်ပါတယ်။

 

*လည်ချောင်းနာခြင်းအတွက် နာနတ်သီးဖျော်ရည်
လည်ချောင်းနာခြင်းကလည်း အအေးမိလက္ခဏာတစ်ခုဖြစ်ပြီး ချောင်းဆိုးခြင်း၊ အသံနာခြင်းတို့ခံစားရကာ လည်ချောင်းမှာ ပူထူနာကျင်ရပါတယ်။

 

နာနတ်သီးမှာပါဝင်တဲ့ဓာတ်ကြောင့် ကပ်ငြိနေတဲ့အချွဲအရည်များပျော်ဆင်းကာ လည်ချောင်းရောင်ရမ်းခြင်းကို သက်သာစေပါတယ်။

 

ဖျော်ရည်ထဲမှာပါတဲ့ ပိုလီဖီနောလ်က ဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားများ အလုပ်မလုပ်အောင် ဟန့်တားပေးပါတယ်။

 

ဖျော်ရည်နည်းနည်းစီကို ခဏခဏသောက်သုံးသင့်ပါတယ်။

 

*အိပ်မပျော်ခြင်းအတွက် နို့နှင့်ပျားရည်
အအေးမိဝေဒနာတွေခံစားရတဲ့အခါ အိပ်ရာထဲနေသင့်ပေမယ့် တစ်ခါတရံမှာ အိပ်ပျော်ရခက်လေ့ရှိပါတယ်။

 

နွားနို့ပူပူကို ပျားရည်ဖြင့်သောက်သုံးခြင်းဖြင့် အအေးမိတဲ့အခါ ညဘက်အိပ်စက်ခြင်းကို အထောက်အကူဖြစ်စေပါတယ်။

 

နို့မှာပါဝင်တဲ့ ထရစ်ပ်တိုဖန်ပရိုတိန်းက ဦးနှောက်ထဲမှာ အိပ်စက်ခြင်းကိုအားပေးတဲ့အရာအဖြစ် ပြောင်းလဲပေးပါတယ်။

 

ပျားရည်မှာပါဝင်တဲ့ ဂလူးကိုစ်အောက်ဆီဒေ့စ်က ပိုးသေစေနိုင်တဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်အဖြစ် ပြောင်းလဲပေးပါတယ်။

 

*ခြေထောက်ရေနွေးစိမ်ခြင်း
အအေးမိလက္ခဏာသိရှိပြီးတာနဲ့ ချက်ချင်းဆောင်ရွက်သင့်ပါတယ်။
ခြေထောက်သွေးကြောတွေနဲ့ အသက်ရှူလမ်းကြောင်းဆီသွားတဲ့ သွေးကြောတွေက ဆက်စပ်နေတာကြောင့် ခြေထောက်ရေနွေးစိမ်ခြင်းက နှာခေါင်းတွင်းအမြှေးပါးများဆီ သွေးလည်ပတ်မှုကောင်းမွန်စေပါတယ်။

 

ခြေထောက်ကို ဇလုံထဲမှာ ရေနွေးနဲ့စိမ်ပြီးတဲ့အခါ ခြောက်သွေ့အောင်သုတ်ပြီး အိပ်ရာပေါ်ဖြစ်ဖြစ် ဆိုဖာပေါ်ဖြစ်ဖြစ် ခြေထောက်တင်ကာ စောင်နဲ့နွေးထွေးအောင်အုပ်ထားသင့်ပါတယ်။

 

Source: Interesticle
#Yangon_Media_Group