#World_Politics
Published 4 August 2022

ထိုင်ဝမ်ရေလက်ကြားက မတည်ငြိမ်မှုဟာ အင်အားကြီးနိုင်ငံတွေအကြား အတွက်အချက်မှားယွင်းခြင်း၊ စိုးရိမ်ဖွယ် ထိပ်တိုက်တွေ့ဆုံခြင်း၊ ပဋိပက္ခတွေနှင့် မှန်းဆမရတဲ့ အကျိုးဆက်တွေကို ဦးတည်သွားစေမယ့် အန္တရာယ်တစ်ခုရှိနေတယ်လို့ အာဆီယံက ကြာသပတေးနေ့မှာ သတိပေးလိုက်ပါတယ်။

 

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ အဆိုပါ မှတ်ချက်ပါရှိတာဖြစ်ပြီး ထိုင်ဝမ်ကိစ္စ အရှိန်လျှော့ချကြဖို့ ဘက်အားလုံးကို အာဆီယံက တိုက်တွန်းလိုက်ပါတယ်။

 

အမေရိကန်အောက် လွှတ်တော်အမတ် နန်စီပီလိုစီ ထိုင်ဝမ်ကိုလာရောက်ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မှာကျင်းပနေတဲ့ အာဆီယံနှင့် တရုတ်၊ အမေရိကန်အပါအဝင် အခြားနိုင်ငံများနှင့် အစည်း အဝေးမှာ ထိုင်ဝမ်ကိစ္စက လွှမ်းမိုးနေပါတယ်။

 

“ပါဝင်ပတ်သက်သူအားလုံးအကြား ငြိမ်းချမ်းတဲ့ဆွေးနွေးမှု လုပ်ဆောင်နိုင်ဖို အာဆီယံဟာ အပြုသဘောအခန်းကဏ္ဍကနေ ဆောင်ရွက်ရပ်တည်သွားဖို့ အဆင်သင့်ပါလို့" အာဆီယံကပြောပါတယ်။
ရန်လိုတဲ့အပြုအမူတွေကို ရှောင်ရှားကြပြီး အဆုံးစွန် သည်းညည်းခံကြဖိုလည်း အာဆီယံက တောင်းဆိုထားပါတယ်။

 

“လွတ်လပ်ပွင့်လင်းတဲ့ အင်ဒိုပစိဖိတ်အတွက် ကျွန်တော်တို့အတူတကွ တူညီတဲ့ အမြင်တစ်ခုရှိကြပါတယ်လို့" အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ပြောပါတယ်။ သူဟာ ကမ္ဘောဒီးယားမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့်တွေ့ဆုံဖို့ မရှိပါဘူး။

 

Source: Reuters
#Taiwan_Tension
#ASEAN
#US_Taiwan_China
#Yangon_Media_Group