#World_Health
Published 2 August 2022

 

အမျိုးမျိုးသော လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ကြွက်သားတွေထဲမှာရှိတဲ့ မော်လီကျူးတွေကို ပြုပြင်ပြောင်းလဲစေကြောင်း သုတေသနလေ့လာချက်အသစ်ကို Cell Metabolism မှာ တနင်္လာနေ့က ဖော်ပြခဲ့ပါတယ်။

ဘယ်လိုလေ့ကျင့်ခန်းပဲလုပ်လုပ် C18ORF25 မျိုးဗီဇဆဲလ်များ လှုပ်ရှားလာစေပြီး ကြွက်သားသန်မာမှုကို မြှင့်တင်ပေးနိုင်တယ်လို သုတေသီများဖော်ပြခဲ့ပါတယ်။

 

C18ORF25 မျိုးဗီဇဆဲလ်နည်းပါးတဲ့ သူတွေဟာ လှုပ်ရှားလေ့ကျင့်မှုသိပ်မလုပ်နိုင်ဘဲ ကြွက်သားအားနည်းလေ့ရှိကြောင်း မဲလ်ဘုန်းတက္ကသိုလ်နဲ့ ကိုပင်ဟေဂင်တက္ကသိုလ်တို ပူးပေါင်းလေ့လာချက်မှာ ဖော်ပြထားပါတယ်။

 

ပရိုတိန်းတွေ ဆဲလ်တွေထဲမှာ ဘယ်လိုပြောင်းလဲသွားလဲဆိုတာကို ဆန်းစစ်ခဲ့ကြကာ လူသားကြွက်သားတွေမှာ လေ့ကျင့်ခန်းအမျိုးမျိုးကြောင့် မော်လီကျူးကွဲပြားခြားနားခြင်းတွေနဲ့ တူညီချက်တွေကို သုတေသနအဖွဲက တွေ့ရှိခဲ့ကြပါတယ်။

 

မဲလ်ဘုန်းတက္ကသိုလ်မှ ဒေါက်တာ'ဘန်ဂျမင်ပါကား'က C18ORF25 မျိုးဗီဇဆဲလ်ဟာ ကြွက်သားတွေကြီးထွားစရာမလိုဘဲ သိသိသာသာသန်မာလာစေတာကို မြင်တွေ့ခဲ့ရကြောင်း ရှင်းပြခဲ့ပါတယ်။

 

ထိုတွေ့ရှိမှုတွေက လေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့ ရရှိလာနိုင်တဲ့အကျိုးကျေးဇူးတွေကို ပိုမိုကောင်းမွန်အောင်ပြုလုပ်နိုင်ပြီး လေ့ကျင့်ခန်း အကျိုးကျေးဇူးအချို့ကို တုပပြီးဆေးကုသမှုနည်းလမ်းများ ရရှိလာနိုင်ကြောင်း မျှော်လင့်နေပါတယ်။

"အဆိုပါ မျိုးဗီဇဆဲလ်တွေတွေ့ရှိခြင်းဖြင့် အိုမင်းရင့်ရော်လာခြင်းတွေ၊ ကြွက်သားကျုံသေးလာခြင်းတွေ၊ အားကစားသိပ္ပံ၊ မွေးမြူရေးနဲ့ အသားထုတ်လုပ်ရေးတွေမှာပါ ထိန်းချုပ်နိုင်ရေးအတွက် သက်ရောက်လာနိုင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျန်းမာရေးကောင်းမွန်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုက ကြွက်သားလုပ်ဆောင်ချက်အကောင်းဆုံးဖြစ်နေဖို့ လိုအပ်လို့ပါပဲ" လို့ ပြောကြားခဲ့ပါတယ်။

"ဆီးချို၊ နှလုံးသွေးကြောရောဂါ၊ ကင်ဆာရောဂါများအပါအဝင် နာတာရှည်ရောဂါများကို လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်၊ အခုဆိုရင် အမျိုးမျိုးသောလေ့ကျင့်ခန်းတွေက မော်လီကျူးအဆင့်အနေနဲ့ ကျန်းမာရေးကောင်းကျိုးများရရှိစေပြီး ကုသရေးနည်းလမ်းအသစ်များ တိုးတက်တီထွင်လာနိုင်ပါတယ်" လို 'ပါကား'ကပြောကြားသွားပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group