#World_Health
Published 31 July 2022

 

သွေးကင်ဆာရောဂါကုသဖို့ ပင်မစတမ်ဆဲလ် အစားထိုးကုသတဲ့ အသက်အကြီးဆုံးလူနာမှာ HIV ရောဂါပါ ပျောက်ကင်းသွားခဲ့ကြောင်း သုတေသီများက ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့ပါတယ်။

 

အသက် ၆၆ နှစ်အရွယ်လူနာကို သွေးကင်ဆာကုသဖို့စီစဉ်ရာမှာ AIDS ဖြစ်စေတဲ့ရောဂါကို သဘာဝအတိုင်းခံနိုင်ရည်ရှိတဲ့ အလှူရှင်ကိုပါရှာဖွေခဲ့ကြပါတယ်။

 

၁၉၈၈ ခုနှစ်က စတင်ကူးစက်ခဲ့ပြီး HIV သက်တမ်းအကြာဆုံး လူနာဖြစ်လာကာ သူ့မိတ်ဆွေတွေလည်း HIV နဲ့သေဆုံးသွားခဲ့ကြပါပြီ။

 

နှစ်ပေါင်း ၃၀ ကျော်ကြာအောင် HIV ကုထုံး ART ဖြင့် ရောဂါကိုထိန်းချုပ်ခဲ့ပါတယ်။

 

နိုင်ငံတကာအေအိုင်ဒီအက်စ်အဖွဲ့အစည်း(IAS) အစည်းအဝေးပွဲမှာ ဆရာဝန်တွေက HIV နဲ့ သွေးကင်ဆာလူနာတွေမှာ သွေးသားမတော်စပ်တဲ့ ပင်မဆဲလ်အလှူရှင်နဲ့ ကုသလိုရနိုင်ချေများနဲ့ပတ်သက်ပြီး တင်ပြခဲ့ကြပါတယ်။

ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ် အန္တရာယ်များကြောင့် HIV လူနာအများစုမရွေးချယ်ကြချင်ပေမယ့် ဆေးသိပ္ပံပညာနယ်ပယ်မှာတော့ မျှော်လင့်ချက်ဖြစ်လာနိုင်ချေရှိကြောင်း IAS ဥက္ကဌ'ရှရွန်လီဝင်'က ပြောကြားခဲ့ပါတယ်။

 

အလှူရှင်ရဲ့ပင်မစတမ်ဆဲလ်တွေမှာ ရှားပါးမျိုးဗီဇမျိုးပါဝင်ပြီး HIV ကူးစက်စေနိုင်တဲ့ ဆဲလ်လက်ခံရာနေရာများ မပါရှိတာကြောင့် ရောဂါမကူးစက်စေတာဖြစ်ပါတယ်။

 

အစားထိုးခွဲစိတ်ခဲ့ပြီး ၃ နှစ်ခွဲအကြာ ၂၀၂၁ မှာ ART ကုထုံးကိုရပ်တန့်ခဲ့ပြီး အခုတော့ HIV ရော သွေးကင်ဆာရောပျောက်ကင်းတာ တစ်နှစ်ကျော်လာခဲ့ပါပြီ။

 

အသက် ၅၉ နှစ်အရွယ် ရှားပါးမျိုးဗီဇပါတဲ့ အမျိုးသမီးတစ်ဦးဟာလည်း ခွဲစိတ်ကုသပြီးနောက် ART ကုထုံးရပ်တန့်ခဲ့ကာ ဗိုင်းရပ်စ်ပိုးမတွေ့ရှိတော့တာကြောင့် ကုသမယ့်နည်းလမ်းတွေ့လာနိုင်ဖွယ်ရှိကြောင်း စပိန်သုတေသီများ တင်ပြခဲ့ကြပါတယ်။

 

IAS အစည်းအဝေးပွဲ မတိုင်ခင် ကုလသမဂ္ဂ HIV/AIDS အစီအစဉ်တင်ပြရာမှာ ကိုဗစ်ကပ်ရောဂါကြောင့် HIV တိုက်ဖျက်ခြင်းလမ်းလွဲခဲ့ရကြောင်း၊ ကူးစက်မှုအများဆုံး အာရှနဲ့ ပစိဖိတ်ဒေသတွေမှာ ရောဂါအခြေအနေကိုဆန့်ကျင်ဖို့ကြိုးစားရမှာဖြစ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။

 

Source: Reuters
#Yangon_Media_Group