#WorldHealth
Published 23 June 2022

အလွန်နည်းပါးတဲ့ ပမာဏလောက်ဖြင့် အရည်နဲ့အငွေ့များကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး ကင်ဆာကိုရှာဖွေစစ်ဆေးနိုင်မယ့် အာရုံခံကိရိယာတစ်မျိုးကို ရုရှားသုတေသီများ တီထွင်ထုတ်လုပ်ခဲ့ကြပါတယ်။

 

အရည်နဲ့အငွေ့များကို အလွန်အာရုံခံသိရှိနိုင်တဲ့ မိုက်ခရိုဖလူးဝစ်ဒစ်ချန်နယ်များနဲ့ နာနိုဖိုတိုနစ်အလင်းအာရုံခံ ကိရိယာများကို ဆားကစ်ပြားလေးမှာ တပ်ဆင်အသုံးပြုရကြောင်း HSE တက္ကသိုလ်နဲ့ စကောလ်ကိုဗို သိပ္ပံနဲ့နည်းပညာတက္ကသိုလ်တို့မှ သုတေသီများက Optics Letters မှာ ဖော်ပြခဲ့ကြပါတယ်။

 

အရည် ဒါမှမဟုတ် အငွေ့များကို ချန်နယ်တွေကနေညှစ်ထုတ်ကာ ထွက်လာတဲ့ဓာတ်ရောင်ခြည်ကို နာနိုဖိုတိုနစ် ကိရိယာများဖြင့် ရှာဖွေစစ်ဆေးတဲ့အခါ သုတေသီများက ထွက်ပေါ်လာတဲ့ရောင်စဉ်တန်းလက္ခဏာများနဲ့ အရည်အငွေ့ဖွဲ့စည်းပါဝင်ပုံများကို ဆုံးဖြတ်သုံးသပ်နိုင်မှာဖြစ်ပါတယ်။

 

သေးငယ်တဲ့ကိရိယာအရွယ်အစားကြောင့် အလွန်နည်းပါးတဲ့နမူနာများဖြင့်ပါ တိကျစွာရှာဖွေစစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။

 

နမူနာရယူတဲ့ နေရာကနေ အခြားနေရာကိုရွှေ့ပြောင်းရတဲ့အခါ သုတေသီများက ခွဲခြမ်းစိတ်ဖြာမှုမလုပ်နိုင်တဲ့အခါမျိုးမှာ ဒီစမ်းသပ်နည်းက အရေးကြီးပါတယ်။

 

HSE တက္ကသိုလ်ရဲ့ဖော်ပြချက်အရ လူတွေရဲ့သွေးထဲမှာ ကင်ဆာကိုရှာဖွေတွေ့ရှိနိုင်တဲ့ ပစ္စည်းများပါဝင်ပြီး အိတ်ဇိုဆုန်းကဲ့သို့ ပစ္စည်းတွေဟာ တစ်ရှူးနဲ့အင်္ဂါဆဲလ်တွေကနေ ထုတ်လွှတ်လိုက်တဲ့ အဏုဇီဝအိတ်လေးတွေ ဖြစ်ပါတယ်။

 

ကင်ဆာအစောပိုင်းအဆင့်တွေမှာ သွေးထဲက အိတ်ဇိုဆုန်းပမာဏက သိသိသာသာများလေ့ရှိပြီး ကင်ဆာရှိကြောင်း ကင်ဆာအထူးကုဆရာဝန်များက သိရှိနိုင်ပါတယ်။

 

"ဆဲလ်တွေက အိတ်ဇိုဆုန်းကဲ့သို့ပစ္စည်းများ အသုံးပြုပြီး ဆဲလ်အချင်းချင်းဆက်သွယ်ကြပါတယ်၊ ဒါပေမဲ့ အတွင်းပိုင်းနဲ့အပြင်ပိုင်းဆိုင်ရာ အချက်အလက်များကနေ မှားယွင်းပေးပို့ပြီး ဆဲလ်ကွဲခြင်းနဲ့ အကျိတ်ကြီးထွားခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်" လို့ စကောလ်ကိုဗို သိပ္ပံနဲ့နည်းပညာတက္ကသိုလ်မှ ပရော်ဖက်ဆာ'ဒီမစ်ထရီဂိုရင်'က ပြောပြသွားပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group