#WorldHealth
Published 23 May 2022

 

ညဘက်မှာ ခွေးလေးတွေ ကြောင်လေးတွေနဲ့ အတူအိပ်စက်ခြင်းဖြင့် နှစ်ခြိုက်စွာအိပ်ပျော်နိုင်ကြောင်း စစ်တမ်းလေ့လာရရှိထားပါတယ်။

 

ဗြိတိန်စစ်တမ်းကောက်ယူရေး OnePoll က အမေရိကန်အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်အယောက် ၂ ထောင်ကို စစ်တမ်းကောက်ယူခဲ့ပါတယ်။

 

၁၀ ယောက်မှာ ၇ ယောက်က သူတို့အချစ်ဆုံးတိရိစ္ဆာန်နဲ့အတူ အိပ်စက်ခြင်းက ပိုမိုကောင်းမွန်စွာအိပ်ပျော်စေကြောင်း တွေ့ရှိရပါတယ်။

 

ထိုထဲကလူတဝက်လောက်က သူတို့ရဲ့အိမ်မွေးလေးတွေ အနားမှာရှိရုံနဲ့တင် စိတ်ဖိစီးမှုလျော့ကျစေတယ်လို့ သိရှိရပါတယ်။

 

အရင်ကလေ့လာမှုတွေမှာလည်း အိမ်မွေးတွေနဲ့အိပ်စက်ခြင်းက လူသားတွေအတွက် ပိုမိုလုံခြုံစိတ်ချရစေပြီး စိတ်အခြေအနေတိုးတက်စေတယ်လို့ ဖော်ပြထားပါတယ်။

 

လူသားတွေဟာ ညစဉ်အိပ်ချိန် ၇ နာရီမှ ၉ နာရီကြားရှိသင့်တယ်လို့ ဆရာဝန်များအကြံပြုထားပေမယ့် ၃ ပုံ ၁ ပုံလောက်က လုံလောက်စွာမအိပ်စက်ရပါဘူး။

 

ဒါကြောင့်နှလုံးရောဂါ၊ အဝလွန်ခြင်း၊ စိတ်ဓာတ်ကျခြင်းတိုလို နာတာရှည်ရောဂါများဖြစ်ပေါ်လာကြကြောင်း CDC က ဖော်ပြထားပါတယ်။

 

အချို့ကလည်း ညဘက်မှာ အိမ်မွေးတိရိစ္ဆာန်တွေအနားမှာရှိခြင်းက စိတ်ငြိမ်သက်စေတယ်လို့ ဆိုပါတယ်။

 

လက်တွဲဖော်ရှိတဲ့လူတွေထဲက ၅၈ ရာခိုင်နှုန်းက ညဘက်မှာလက်တွဲဖော်နဲ့အတူရှိဖို့ထက် အိမ်မွေးတိရိစ္ဆာန်နဲ့သာရှိဖို့ ပိုပြီးလိုလားပါတယ်။

 

အချို့အိမ်မွေးတိရိစ္ဆာန်ပိုင်ရှင်တွေကတော့ သူတို့နဲ့အတူအိပ်ရလို့ အနှောင့်အယှက်ဖြစ်ရကြောင်း ဖြေကြားလာပါတယ်။

၂၀၁၈ ခုနှစ်က အမျိုးသမီး ၉၀၀ ကို လေ့လာရာမှာ အိမ်မွေး‌လေးတွေနဲ့အိပ်ခြင်းက အိပ်ရာထဲမှာ ပိုမိုလုံခြုံစိတ်ချရတယ်လို့ ဖြေကြားခဲ့ကြပါတယ်။

 

ခွေးတွေက အိပ်စက်ရာမှာအနှောင့်အယှက်ပိုနည်းပြီး ပိုမိုလုံခြုံစိတ်ချရနိုင်ပေမယ့် ကြောင်တွေကတော့ အိပ်စက်ရာမှာ အနှောင့်အယှက်ဖြစ်စေတယ်လို့ ပြောသူတွေရှိပါတယ်။

 

Sealy မွေ့ရာထုတ်လုပ်ကုန်မှ ကြော်ငြာဌာနဥက္ကဌ’ဘရန့်ဖစ္စတာ’က ဒီစစ်တမ်းများအရ အိမ်မွေးတွေနဲ့အိပ်စက်ခြင်းက လူသားတွေအတွက် အကျိုးပြုတာရှိသလို အနှောင့်အယှက်ဖြစ်စေတာမျိုးလည်းရှိကြောင်း သုံးသပ်သွားပါတယ်။

 

Source: Dailymail.
#Yangon_Media_Group