Published 9 April 2022

ဂိုစတိုမဲလ် လေဆိပ်မှာရှိတဲ့ ကြေမွပျက်စီးနေတဲ့ လခြမ်းကွေးသဏ္ဍာန် လေယာဉ်ရပ်နားရုံအောက်က ကမ္ဘာ့အကြီးဆုံး လေယာဉ်ကြီးဟာ ကြေမွ ကျိုးကွဲနေပါတယ်။

အန်တိုနော့ဗ် An-225 အမ်ရီယာ ကုတင်လေယာဉ်ကြီးဟာ လက်ရှိပျံသန်းနေတဲ့ လေယာဉ်တွေထဲမှာ အကြီးဆုံးဖြစ်ပြီး တောင်ပံ တစ်ဖက်နှင့်တစ်ဖက်အကြား ၈၈ မီတာ အကျယ်ရှိပါတယ်။ ရုရှားတို့ တိုက်ခိုက်မှုကြောင့် တစ်စစီကျိုးပဲ့သွားရတာဖြစ်ပါတယ်။

အမ်ရီယာဆိုတာ ယူကရိန်းဘာသာအရ အိပ်မက်လို့ အဓိပ္ပါယ်ရပါတယ်။ လေယာဉ်ဦးပိုင်းမှာ အဲဒီစာကိုပုံနှိပ်ထားခဲ့တာဖြစ်ပေမယ့် အခုတော့ သတ္တူအပိုင်းအစအများအပြားထိမှန်မှုကြောင့် အဲဒီအမည် မရှိတော့ပါဘူး။

တစ်ကြိမ်တစ်ခါက အမျိုးသား ဂုဏ်သိက္ခာတစ်ခုရဲ့ ဇာစ်မြစ်တစ်ခုအဖြစ် အဲဒီလေယာဉ်ဟာရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလေယာဉ်ဟာ  ရုရှားတပ်တွေကို မြို့ပြင်ဂိတ်တွေမှာ ဆက်ထိန်းထားဖို့ တိုက်ပွဲဆင်ရာမှာ စတေးလိုက်ရတာဖြစ်ပါတယ်။

Source AFP