Published 10 April 2022

ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန်းဟာ တနင်္ဂနွေနေ့က ပါလီမန်မှာပြုလုပ်တဲ့ အယုံအကြည်မရှိအဆို မဲခွဲရာ မှာ ရှုံးနိမ့်သွားပြီးနောက် ရာထူးမှ ဖြုတ်ချခံလိုက်ရပါတယ်။ သူ့ရဲ့ စီးပွားရေး ပြိုလဲပျက်စီးမှုနှင့် သူ့ရဲ့ မဲဆွယ်ပွဲ ကတိပေးတွေအပေါ် ပျက်ကွက်ခဲ့မှုတွေကြောင့် သူ့ရဲ့မဟာမိတ်တွေက သူ့ကိုစွန့်ခွာခဲ့ပြီးနောက် ယခုလို အယုံအကြည်မရှိမဲခွဲခဲ့တာဖြစ်ပါတယ်။

နှောင့်နှေးမှုတွေခဏခဏဖြစ်ခဲ့ရတဲ့ ၁၃နာရီကြာ ပါလီမန်အစည်းအဝေးအပြီး ဒေသစံတော်ချိန် မနက်(၁)နာရီမတိုင်ခင်မှာ အောက်လွှတ်တော်ဥက္ကဋ္ဌက အာယက်ဆာဒစ်က မဲရလာဒ်ကို ကြေညာခဲ့ပါတယ်။

အမတ်၃၄၂ဦးပါဝင်တဲ့ အောက်လွှတ်တော်မှာ အတိုက်အခံပါတီတွေက မဲ၁၇၄မဲဖြင့် အများစုမဲ ရအောင်ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆာဒစ်က ပြောပါတယ်။

ဝန်ကြီးချုပ်အသစ်ရွေးချယ်ဖို့ ပါလီမန်ကို တနင်္လာနေ့မှာ ခေါ်ယူထားပါတယ်။

အသက်(၆၉)နှစ်အရွယ် ဝန်ကြီးချုပ် အီမရန်ခန်းဟာ လူဦးရေသန်း၂၂၀ရှိပြီး ၇၅နှစ်ခန့်ကြာသမိုင်းမှာ နှစ်တွေရဲ့တစ်ဝက်ခန့် စစ်တပ်အုပ်ချုပ်ခဲ့တဲ့  နျူကလီးယားလက်နက်ပိုင် ပါကစ္စတန်နိုင်ငံကို ၃နှစ်ခွဲကြာ အုပ်ချုပ်ပြီးနောက် အဖယ်ရှားခံလိုက်ရတာ ဖြစ်ပါတယ်။

တစ်ခါက ခရစ်ကက်ကြယ်ပွင့်ဖြစ်ခဲ့ပြီး နိုင်ငံရေးသမားဘဝ ရောက်လာတဲ့ အီမရန်ခန်က သူ့ကိုဖြုတ်ချဖို့ အမေရိကန်က လျှို့ဝှက်ပူးပေါင်းကြံစည်နေတယ်လို့ ပြောခဲ့ပါတယ်။

ပါကစ္စတန်ရဲ့ ဩဇာအာဏာကြီးမားလှတဲ့ စစ်တပ်ဦးစီးချုပ် ကာမာဂျာဗက် ဘဂျာဝါနှင့် ဝန်ကြီးချုပ်ခန်တို့တွေ့ဆုံအပြီးမှာ မဲခွဲဖို့ဖြစ်လာတာလို့ အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ်နှစ်ခုက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ်အသစ်ဖြစ်လာနိုင်တဲ့ ခန်းကိုဖြုတ်ချခဲ့သူ ရှီဘက်ဇ်ရှာရစ်ဟာ အသစ်စဖို့ အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။

“ အာရုံသစ်ဟာ စတင်ခဲ့ပြီ။ မဟာမိတ်တွေက ပါကစ္စတန်ကို ပြန်လည်တည်ဆောက်မယ်” လို့ အသက်၇၀ အရွယ် ရှာရစ်က ပါလီမန်မှာပြောပါတယ်။

ရှာရစ်ဟာ ပါကစ္စတန်ဝန်ကြီးချုပ် သုံးကြိမ်ဖြစ်ခဲ့တဲ့ နာဝတ်ဇ်ရှာရစ်ရဲ့ ညီအငယ်ဆုံးဖြစ်ပြီး အုပ်ချုပ်ရေးတော်တယ်လို့  အမည်ကောင်းရှိပါတယ်။

ခန်းကိုဖြုတ်ချခဲ့တာဟာ  ပါကစ္စတန်ရဲ့ နိုင်ငံရေးမတည်ငြိမ်မှုအတွက် အားကျစရာမဟုတ်တဲ့ မှတ်တမ်းအသစ်တစ်ခု ဖြစ်ပါတယ်။ ဗြိတိသျှတို့ထံမှ ၁၉၄၇ခုနှစ်မှာ လွတ်လပ်ရေးရပြီးကတည်းက ပါကစ္စတန်မှာ ဘယ်ဝန်ကြီးချုပ်မှ သက်တမ်းပြည့်တဲ့ အထိ တာဝန်ထမ်းဆောင်ခြင်း မပြုနိုင်ခဲ့ပါဘူး။

ပါလီမန်ဟာ ၂၀၂၃ ဩဂုတ်လတိုင်အောင် သက်တမ်းရှိနပါတယ်။ ဒါပေမယ့် အတိုက်အခံတွေက ရွေးကောက်ပွဲကို ခပ်စောစောပြုလုပ်လိုကြပါတယ်။ ဒါပေမယ့် ခန်းရှုံးနိမ့်ပြီးတဲ့နောက် သူတို့က ရွေးကောက်ပွဲဟာ လွတ်လပ်မျှတဖို့ လိုတယ်လို့ ပြောဆိုလာကြပါတယ်။

Source Reuters