Published 9 March 2022

အမေရိကန်နှင့်ဗြိတိန်တို့က ရုရှားထံမှ စွမ်းအင် တင်သွင်းတာတွေကို ဖြတ်ပစ်လိုက်ပြီလို့ မတ်(၈)ရက် နေ့က ကြေညာခဲ့ပါတယ်။ နိုင်ငံတကာစွမ်းအင်ကုမ္ပဏီတွေဖြစ်တဲ့ ရှဲလ်နှင့် ဘီပီတို့ကလည်း ရုရှားဆီက ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်သွင်းမှုအသစ်တွေရပ်ဆိုင်းမယ်လို့ပြောပါတယ်။

အဲဒါကြောင့် လက်ရှိမှာ ရုရှားနှင့်ယူကရိန်းပဋိပက္ခတွေကြောင့် စက်သုံးဆီဈေးနှုန်းတွေမြင့်တက်နေတဲ့ အမေရိကန်မှာ အခုလို တင်သွင်းမှုပိတ်လိုက်တဲ့အတွက် ဈေးနှုန်းတွေ ထပ်မံမြင့်တက်မယ့်အလားအလာတွေရှိနေပါတယ်။

အခုဆို အမေရိကန်ပြည်ထောင်စုက  ဓာတ်ဆီဆိုင်တွေမှာ ဆီတစ်ဂါလံကို  ၄.၁၇ ဒေါ်လာပေးနေရပါပြီ။ တစ်လအတွင်း တစ်ဒေါ်လာနီးပါးဖြစ်တဲ့ ၇၂ ဆင့် တက်လာပါတယ်။ ဒီဈေးနှုန်းဟာ ၂၀၀၈ခုနှစ် ကမ္ဘာ့စီးပွားရေးကျဆင်းမှုနောက်ပိုင်းမှာ ဈေးအကြီးဆုံးဖြစ်ပါတယ်။

Source AFP