Published 31 January 2022

ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် အဆုတ်အစားထိုးခွဲစိတ်ကုသဖို့လိုအပ်တဲ့လူတွေဟာ အခြားအကြောင်းအရာများကြောင့် အဆုတ်အစားထိုးဖို့လိုအပ်တဲ့လူတွေအတိုင်း အစားထိုးခွဲစိတ်နိုင်ကြောင်း အစောပိုင်းတွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါတွေ့ရှိချက်က စိတ်ချရနိုင်ပေမယ့် ခွဲစိတ်ဖို့လိုတဲ့အင်္ဂါတွေ ရှားပါးပြတ်လတ်တာကြောင့် အဆုတ်တွေ လုံးဝပျက်စီး နေတာတောင် ဒီလူနာတွေမှာ အစားထိုးကုသဖို့ ခက်ခဲနေကြောင်း သုတေသီတွေက ဆိုပါတယ်။

၂၀၂၀ ဩဂုတ်လမှ ၂၀၂၁ စက်တင်ဘာလအထိ အမေရိကန်တွင် အဆုတ်အစားထိုးကုသသူ ၃,၀၃၉ ယောက်ရှိခဲ့ရာ ထိုထဲမှ ၇ ရာခိုင်နှုန်းလူတွေက ကိုဗစ်ရောဂါကူးစက်ဖူးသူတွေဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် အဆုတ်ပြန်မကောင်းနိုင်တော့တဲ့ လူတွေဖြစ်ကြောင်း သုတေသီတွေက နယူးအင်္ဂလန်ဆေးပညာဂျာနယ်မှာ ဗုဒ္ဓဟူးနေ့က ဖော်ပြလိုက်ပါတယ်။

ကိုဗစ်ရောဂါဖြစ်ဖူးသူ ၁၉၇ ယောက်က အဆုတ် ၂ ခုစလုံးအစားထိုးခွဲစိတ်ခဲ့ရပြီး ၁၇ ယောက်က အဆုတ် ၁ ခုအစားထိုး ခွဲစိတ်ခဲ့ ရပါတယ်။

အချို့လူနာတွေက နှလုံး ကျောက်ကပ်တို့ပါ အစားထိုးခဲ့ရပါတယ်။အစားထိုးခွဲစိတ်မှုလုပ်ပြီး ၃ လကြာတဲ့အချိန်မှာ အသက် ဆက်ရှင်နိုင်စွမ်း ၉၅.၆ ရာခိုင်နှုန်းရှိခဲ့ရာ အခြားအကြောင်းအရာတွေကြောင့် အဆုတ်အစားထိုးခဲ့ရတဲ့သူတွေအတိုင်း ဆက်လက်ရှင်သန်နိုင်မှာဖြစ်ပါတယ်။

ခွဲစိတ်လူနာတွေအနေနဲ့ ရေရှည်မှာ ဘယ်လောက်အထိ ခံနိုင်ရည်ရှိမလားဆိုတာကိုတော့ မသိရသေးပါဘူး။

ဒါပေမဲ့ ကိုဗစ်ကူးစက်မှုကြောင့် အသက်ရှူလမ်းကြောင်းစနစ် ပြန်မကောင်းနိုင်တော့တဲ့ လူနာတွေမှာ အဆုတ်အစား  ထိုးခွဲစိတ်ကုသနိုင်ကြောင်း သုတေသီတွေက ထုတ်နှုတ်ပြောကြားလိုက်ပါတယ်။

Source: Reuters