Published 26 December 2021

ကာလီဖိုးနီယားပြည်နယ်အုပ်ချုပ်ရေးမှူဟောင်း အာနိုးရှဝါဇနက်ဂါဟာ အိုးအိမ်မဲ့စစ်မှုထမ်းဟောင်းတွေအတွက် အိမ်သေး သေးကလေးတွေ ၂၅လုံးကို ခရစ်စမတ်အကြိုနေ့မှာ လော့အင်ဂျလိမှာ လှူဒါန်းခဲ့ပါတယ်။

“ ကျွန်တော်တို့ရဲ့သူရဲကောင်းတွေနှင့် အချိန်တစ်ခုပေးပြီးနေရတာနှင့် သူတို့ကို အိမ်သစ်တွေဆီဖိတ်ခေါ်ရတာဟာ အလွန့်ကို ကောင်းပါတယ်။ကျွန်တော့်အတွက်တော့ အကြီးကျယ်ဆုံးခရစ်စမတ်လက်ဆောင်တွေပါ” လို့ အာနိုးက တွစ်တာမှာရေးသားခဲ့ ပါတယ်။

ရုပ်ရှင်မင်းသားကြီးဟောင်း အာနိုးဟာ အိမ်တွေဆောက်ဖို့ ဒေါ်လာ နှစ်သိန်းခွဲလှုဒါန်းခဲ့ပါတယ်။ အဲဒီအိမ်တွေကို ခရစ်စမတ် မတိုင်ခင်ရက်အနည်းငယ်အလိုမှာ လွှဲပြောင်းရရှိခဲ့ပါတယ်။

ဆိုရှယ်မီဒီယာပေါ်တင်ထားတဲ့ ဗွီဒီယိုတွေမှာ အဲဒီအိ်သေးသေးကလေးတွေရဲ့အတွင်းပိုင်းကိုပြသထားပါတယ်။ အိမ်တွင်းမှာ လျှပ်စစ်၊ အအေးနှင့်အပူစနစ်တွေ တပ်ဆင်ပေးထားပြီး စစ်မှုထမ်းဟောင်းကြီးတွေနှင့် သူတို့ရဲ့တိရိစ္ဆာန်တွေ နေထိုင်နိုင်ပါတယ်။

လော့အင်ဂျလိမြို့ဟာ အိုးအိမ်မဲ့စစ်မှုထမ်းဟောင်းတွေရဲ့ ဗဟိုချက်မအဖြစ် ဆက်လက်တည်ရှိနေတုန်းဖြစ်ပါတယ်။

ဇူလိုင်လတုန်းက အုပ်ချုပ်ရေးမှူး ဂါဗင်နယူးစမ်းက အိုးအိမ်မဲ့တွေအတွက် အိမ်ရာဆောက်လုပ်ဖို့ ဒေါ်လာ ၅.၈ ဘီလီယံ အပါအဝင် စုစုပေါင်း၁၂ဘီလီယံရင်းနှီးပေးဖို့ လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။

လော့အင်ဂျလိစီရင်စုမှာ အိုးအိမ်မဲ့ခြောက်သောင်းကျော်ရှိပြီး အဲဒီထဲက တစ်သောင်းလေးထောင်ခန့်ဟာ မြို့လယ်လမ်းမတွေ ပေါ်နေထိုင်နေကြရတယ်လို့ Hope of the Valley Rescue mission ကနေသိရှိရပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက ပထမဆုံးအိမ်သေးလေးများရွာ ကို အဲဒီအဖွဲ့က ဖွင့်လှစ်ပေးခဲ့ပါတယ်။ အခုအထိဆိုသူတို့မစ်ရှင် အဖွဲ့ဟာ ကုတင်၉၀၈ခုပါတဲ့ အိမ်သေးလေးများရွာပေါင်း(၆)ရွာကို တည်ထောင်ပေးခဲ့ပြီးဖြစ်ပါတယ်။

Source UPI