Published 16 July 2021
နယ်သာလန်နိုင်ငံတောင်ပိုင်းက လူထောင်ပေါင်းများစွာကို မြစ်ရေလျှံမှုကြောင့် နေအိမ်တွေကနေ အမြန်ဆုံးထွက်ခွာကြဖို့ အစိုးရကတိုက်တွန်းနှိုးဆော်ထားပါတယ်။
လင်းဘတ်ပြည်နယ် မြူးစ်မြစ်တစ်လျောက်မှာရှိတဲ့ မြိုရွာတွေအတော်များများမှာနေထိုင်ကြတဲ့ ဒေသခံတွေကို အနည်းဆုံးသောကြာနေ့ညနေအထိ အခြားနေရာ မှာ ခိုလှုံရာရှာကြဖို့ တိုက်တွန်းထားပါတယ်။
သူတို့ရဲ့အိမ်တွေဟာ လာမည့်နာရီပိုင်းအတွင်း ရေတွေလှိမ့်ဝင်လာဖို့ အများကြီးဖြစ်နိုင်တာကြောင့်လို့ ဆိုပါတယ်။
မြူးစ်နှင့်ရာမြစ်တို့ရဲ့မြစ်ရေပြင်ဟာ ကြာသပတေးနေ့မှာ အမြင့်ဆုံးရောက်ရှိလာပါတယ်။ ၁၉၉၃နှင့် ၁၉၉၅တုန်းက အကြီးအကျယ်မြစ်ရေကြီးခဲ့စဉ်အမြင့်ထက်ပိုရောက်နေတာဖြစ်ပါတယ်လို့ ဒေသအာဏာပိုင်တွေကပြောပါတယ်။
လင်းဘတ်ရဲ့ တောင်စွန်းမှာရှိပြီး ဘယ်လ်ဂျီယံနှင့်ဂျာမနီနယ်စပ်နှင့်ကပ်နေတဲ့ ဗောကင်ဘတ်မြို့မှာ ရေတွေက မြို့လယ်အထိတက်လာနေပါတယ်။ အဲဒါကြောင့် ဘိုးဘွားရိပ်သာအတော်များများကို ကယ်ထုတ်ခဲ့ရပြီး အနည်းဆုံး တံတားတစ်စီးပျက်စီးခဲ့ပါတယ်။
ဒါပေမယ့် ယခုထက်ထိတော့ အသေအပျောက်မရှိသေးပါဘူး။ အိမ်နီးချင်းဂျာမဏီမှာတော့ မြစ်ရေကြီးမှုကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံးကြ၊ပျောက်ဆုံးနေရပါတယ်။
Ref:Reuters