Published 06 May 2024 
 
လူတွေ သတိမပြုမိတတ်ကြတဲ့ အရေပြားကင်ဆာ လက္ခဏာတစ်ခုအကြောင်း ဆရာဝန်များ သတိပေးလိုက်ပါတယ်။ 
 
ဝက်ခြံပေါက်တာ လနဲ့ကြာပြီဖြစ်ပြီး မပျောက်သေးတဲ့ လက္ခဏာဟာ အဖြစ်အများဆုံး ကင်ဆာလက္ခဏာ တစ်မျိုးဖြစ်တဲ့ ဘေဆယ်ဆဲလ်ကင်ဆာအကျိတ် ဖြစ်နိုင်ခြေများတယ်လို့ မီချီဂန်မှ အရေပြားအထူးကု ဒေါက်တာ ဖာတီမာဖာစ်က ပြောပြပါတယ်။ 
 
ထိုအကျိတ်မျိုးက အထဲမှာ သွေးကြောအနီရောင်သမ်းနေပြီး ပြောင်ပြောင်လက်လက်အဖုမျိုး ဖြစ်နေတတ်ပါတယ်။ 
 
ဆဲလ်ဟောင်းတွေ ပျက်စီးပြီး ဆဲလ်သစ်တွေ ထုတ်လုပ်ပေးတဲ့ ဘေဆယ်လ်ဆဲတွေမှာ ထိုကင်ဆာမျိုး ဖြစ်တတ်ပါတယ်။ 
 
ဖြစ်တတ်တဲ့ လက္ခဏာတွေက ဝက်ခြံပုံသဏ္ဍာန်ဖြစ်ပြီး နီရဲရဲအဖု၊ အဖြူအနာ၊ အနာဖေးကွာသလိုမျိုး ဖြစ်တတ်ပါတယ်။ 
 
နှစ်တွေကြာအောင် နေနဲ့ထိတွေ့ပြီးနောက် အကျိတ်ပိုကြီးလာကာ အရေပြားကနေ ဖြတ်တောက်ရတာမျိုး လုပ်ရပါတယ်။ 
 
နေနဲ့ထိတွေ့တာများတဲ့ အရေပြားနေရာတွေမှာ ထိုကင်ဆာ အဖြစ်များပါတယ်။ 
 
လက်သည်းနားတဝိုက် အမည်းရောင်သမ်းလာတာကလည်း အရေပြားကင်ဆာ လက္ခဏာဖြစ်တယ်လို့ ဒေါက်တာဖာစ်က ဆိုပါတယ်။ 
 
ထိုအကျိတ်တွေကို ကွဲပြားသိရှိနိုင်တာက ပိုမိုကြီးမားလာပြီး သွေးထွက်တာမျိုး ဖြစ်တတ်ပါတယ်။ 
Source: New York Post. 
#World_Health
#Published_ 6 May 2024
#Yangon_Media_Group #YMG #Yangon_Times