#World_Science
Published 27 April 2024


▪️ လူတွေဟာ ကိုယ်တိုင်သတိမထားမိဘဲ မျက်တောင်ခတ်နေကြပြီး အများစုက တစ်မိနစ်ကို ၁၄ - ၁၇ ကြိမ်လောက် ခတ်တတ်ကာ ညဘက်ကို အိပ်ချိန် ၈ နာရီရှိသူတွေက တစ်နေ့ကို အကြိမ် ၁၃၄၄၀ မှ ၁၆၃၂၀ အထိ မျက်တောင်ခတ်ကြပါတယ်။

 

▪️ မျက်တောင်ခတ်တယ်ဆိုတာ မျက်စိကို စိုစွတ်စေပြီး ဖုန်တွေအမှုန့်တွေထံမှ ကာကွယ်ပေးပါတယ်။

 

▪️ ရိုချက်စတာ တက္ကသိုလ်မှ သုတေသီတွေကတော့ မျက်တောင်ခတ်ခြင်းဟာ အမြင်ပိုင်းပုံဖော်ရာမှာ ပါဝင်နေတယ်လို့ တွေ့ရှိခဲ့ပါတယ်။

 

▪️ မျက်တောင်ခတ်ခြင်းက ပြင်ပမှပုံရိပ်ကို မျက်ကြည်လွှာပေါ် မရောက်အောင် ပြုလုပ်ပြီး အမြင်အာရုံကို ပြန်လည်ပုံဖော်ပေးတာ ဖြစ်ပါတယ်။

 

▪️ မျက်လုံးနဲ့မြင်ရတာကို မျက်တောင်ခတ်ခြင်းက သက်ရောက်ပုံကို မျက်ခွံများ ပိတ်ထားချိန်နဲ့ နှိုင်းယှဥ်ပြီး မြင်ကွင်းလှုံ့ဆော်ပုံကို သုတေသီများ ဆန်းစစ်ခဲ့ကြပါတယ်။

 

▪️ မျက်တောင်ခတ်လိုက်တဲ့အခါ ပိုမိုသိသာစွာ မြင်လာရကာ မြင်ကွင်းတစ်ခုလုံးနဲ့ ပတ်သက်ပြီး ဦးနှောက်သို့ အချက်အလက်များ ပေးပို့ပေးပါတယ်။

 

▪️ မျက်တောင်ခတ်လိုက်တဲ့အခါ မျက်တောင်က ဖျတ်ခနဲ ရွေ့လျားသွားပြီး အလင်းဝင်ရောက်ပုံက မျက်ကြည်လွှာကို လှုံ့ဆော်ပေးတယ်လို့ တွေ့ရှိခဲ့ပါတယ်။

 

▪️ ဒါဟာ မျက်လုံးဖွင့်ထားပြီး တစ်ခုတည်းကို အာရုံစိုက်ထားတာထက်စာရင် ဦးနှောက်မှာ အမြင်အာရုံအချက်ပြမှု ကွဲပြားသွားပါတယ်။

 

▪️ ဒါကြောင့် မျက်တောင်ခတ်တာဟာ အမြင်အာရုံကို အနှောင့်အယှက် ဖြစ်စေတာမဟုတ်ဘဲ ပိုပြီးတော့တောင် အမြင်ကောင်းစေတယ်လို့ ဘွဲ့ရကျောင်းသား ပင်ယန်က ဆိုလိုက်ပါတယ်။

 

▪️ မျက်တောင်ခတ်ခြင်းက မျက်ကြည်လွှာအပေါ် မြင်ကွင်းပုံရိပ် ကျရောက်ခြင်းကို ချိန်ညှိပေးပြီး ဦးနှောက်ထဲမှာ အချက်အလက်များကို ပြန်လည်ပုံဖော်ပေးပါတယ်။

 

# Source: The Jerusalem Post