#World_Health
Published 25 April 2024


▪️ မိုက်ခရိုပလတ်စတစ်တွေက လူသားတွေနဲ့ သတ္တဝါတို့ရဲ့ ကျန်းမာရေးအပေါ် ဆိုးကျိုးလာတာကို စိုးရိမ်နေကြရပါတယ်။

 

▪️ သေးငယ်တဲ့ ပလတ်စတစ်အမှုန်တွေက လူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကာ ဦးနှောက်ထဲသို့ ရောက်ရှိလာပုံကို မကြာသေးမီက လေ့လာခဲ့ကြပါတယ်။

 

▪️ သုတေသီများ ဖော်ပြချက်အရ ဝင်ရောက်လာတဲ့ မိုက်ခရိုပလတ်စတစ်အမှုန်တွေဟာ အူလမ်းကြောင်းကနေ ဦးနှောက်၊ အသည်း၊ ကျောက်ကပ်များသို့ ပျံ့နှံ့သွားကြပါတယ်။

 

▪️ ခန္ဓာကိုယ်ထဲသို့ စတင်ဝင်ရောက်ပုံကတော့ အရေပြားဖြင့် ထိတွေ့ခြင်း၊ ရှုသွင်းမိခြင်း၊ စားမိခြင်းတို့ဖြင့် ဝင်ရောက်နိုင်ပါတယ်။

 

▪️ ၅ မီလီမီတာထက် သေးငယ်တာကို ပလတ်စတစ်အမှုန်လို့ခေါ်ပြီး မြေကြီး၊ အစားအစာ၊ ရေတို့မှာ ပါဝင်နေပါတယ်။


ကြွက်တွေနဲ့ စမ်းသပ်ရာမှာ သွေးရည်ကြည်၊ ဦးနှောက်၊ အသည်း၊ ကျောက်ကပ်၊ အူမကြီးတစ်ရှူးတို့မှာ မိုက်ခရိုပလတ်စတစ်များ တွေ့ရှိခဲ့ကြပါတယ်။

 

▪️ ဒါကြောင့် မိုက်ခရိုပလတ်စတစ်တွေဟာ အစာအိမ်အူလမ်းကြောင်းကို ကျော်လွန်ပြီး ဝေးလံတဲ့ အင်္ဂါတွေဆီ ရောက်ရှိသွားတယ်လို့ ယူဆရပါတယ်။

 

▪️ မိုက်ခရိုပလတ်စတစ်နဲ့ ထိတွေ့တဲ့အခါ အူမကြီး၊ အသည်း၊ ဦးနှောက်တို့မှာ ဇီဝကမ္မဖြစ်စဥ်များ ပြောင်းလဲသွားတာကို တွေ့ရှိခဲ့ကြပါတယ်။

 

▪️ မိုက်ခရိုပလတ်စတစ်အပြင် ဒီထက်သေးငယ်တဲ့ ပလတ်စတစ်တွေက ဦးနှောက်ထဲကို ရောက်တဲ့အခါ လုပ်ဆောင်ချက်တွေကို နှောင့်ယှက်တဲ့အပြင် ဦးနှောက်ပြဿနာများပါ ဖြစ်လာနိုင်စေပါတယ်။

 

▪️ အယ်လ်ဇိုင်းမားလိုမျိုး ရောဂါများ ပိုမိုဆိုးရွားလာခြင်း၊ ကလေးတွေမှာ ဦးနှောက်ဖွံ့ဖြိုးမှု ထိခိုက်ခြင်းတို့ပါ ဖြစ်လာနိုင်ပါတယ်။

 

#Source: WION