#World_Politics
Published 19 April 2024


ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပါလက်စ်တိုင်း အမြဲတမ်းအဖွဲ့ဝင် ဖြစ်မြောက်ရေးကို အမေရိကန်က ဗီတိုအာဏာသုံး ကန့်ကွက်ပယ်ချလိုက်သဖြင့် ပါလက်စ်တိုင်းတို့အတွက် ကုလသမဂ္ဂ အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုကို ကြာသပတေးနေ့က ထိရောက်စွာ တားဆီးခံခဲ့ရပါတယ်။

 

ပါလက်စ်တိုင်းကို ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ် လက်ခံပေးဖို့ အဖွဲ့ဝင် ၁၉၃ နိုင်ငံပါ ကုလအထွေထွေ ညီလာခံကြီးမှာ တင်သွင်းတဲ့ အဆိုပြုမူကြမ်းကို အမေရိကန်က ဗီတိုအာဏာ သုံးခဲ့တာဖြစ်ပြီး ဗြိတိန်နဲ့ ဆွစ်ဇာလန်တို့က ကြားနေမဲပေးခဲ့ကာ ကျန် ၁၂ နိုင်ငံက ထောက်ခံမဲပေးခဲ့ပါတယ်။

 

အမေရိကန်အနေနဲ့ နှစ်နိုင်ငံစည်းမျဥ်းကို ဆက်လက်ထောက်ခံသွားမှာ ဖြစ်ကြောင်း၊ ဒီမဲပေးမှုက ပါလက်စ်တိုင်းတို့ရဲ့ နိုင်ငံဖြစ်တည်မှုကို ဆန့်ကျင်တဲ့သဘော မဟုတ်ကြောင်း၊ အဖွဲ့အစည်းများကြား တိုက်ရိုက်ညှိနှိုင်းချက်တွေကနေသာ ဆုံးဖြတ်တာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် လက်ထောက်သံအမတ် ရောဘတ်ဝုဒ်က ကောင်စီမှာ ပြောကြားသွားပါတယ်။

 

ပါလက်စ်တိုင်းသမ္မတ မာမော့အက်ဘက်စ်က အမေရိကန်ရဲ့ ဗီတိုအာဏာသုံးခြင်းကို တရားမျှတမှုမရှိ ကျင့်ဝတ်မရှိဘူးလို့ ရှုတ်ချလိုက်ပါတယ်။

 

ကုလသမဂ္ဂဆိုင်ရာ ပါလက်စ်တိုင်းသံအမတ် ရီယက်မန်ဆော်က အဆိုပြုတင်သွင်းချက် မအောင်မြင်ပေမယ့် ပါလက်စ်တိုင်းတို့ရဲ့ စိတ်ဆန္ဒတွေ ကျိုးပျက်သွားမှာမဟုတ်ဘဲ ကြိုးပမ်းအားထုတ်မှုတွေ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

 

အစ္စရေးလ်နဲ့ ပါလက်စ်တိုင်း စစ်သွေးကြွ ဟားမတ်စ်တို့ ဂါဇာကမ်းမြောင်မှာ စစ်ဖြစ်နေတာ ၆ လခန့် ကြာမြင့်တဲ့အချိန်မှာပဲ ပါလက်စ်တိုင်းတို့က ကုလအမြဲတမ်းအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

 

ထောက်ခံမဲပေးခဲ့တဲ့ ၁၂ နိုင်ငံနဲ့ ပတ်သက်ပြီး အစ္စရေးလ်သံအမတ် ဂျီလက်အာဒန်က ငြိမ်းချမ်းရေးရဖို့ မဖြစ်နိုင်လုနီးပါး ဖြစ်နေပြီလို့ ဆိုလိုက်ပါတယ်။

 

လက်ရှိမှာ ပါလက်စ်တိုင်းဟာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံမဟုတ်ဘဲ စောင့်ကြည့်သူအဖြစ်သာ ရှိနေပါတယ်။


နိုင်ငံနှစ်ခု ငြိမ်းချမ်းစွာရပ်တည်ရေး စည်းမျဥ်းကို အကောင်အထည် မဖော်နိုင်ခြင်းက ဒေသတွင်းရှိ သန်းပေါင်းချီတဲ့လူတွေအတွက် ဘေးအန္တရာယ်များစေမှာ ဖြစ်တယ်လို့ ကုလအထွေထွေ အတွင်းရေးမှူး အန်တိုနီယိုဂူတာရက်စ်က ကြာသပတေးနေ့ အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

 

#World_Politics #ပါလက်စ်တိုင်း #အမေရိကန်ဗီတိုအာဏာပယ်ချ #Source: Reuters