#World_Health
Published 12 April 2024


ဗြိတိန်ဆရာဝန်တစ်ဦးက ကျားအင်္ဂါအလွှာပါးလေးကို အဏုကြည့်မှန်ဖြင့် ကြည့်ရှုပုံကို တစ်တော့ပေါ်မှာ တင်ခဲ့ပါတယ်။

 

အကျယ်ချဲ့ကြည့်ရာမှာ ပန်းရောင်သမ်းနေတဲ့ပုံကို ဒေါက်တာ ကာရန်ရာဂျ်က ဗီဒီယိုတင်ခဲ့ပါတယ်။

 

ထိုပစ္စည်းဟာ ဆလင်ဒါ ၃ ခုဖြင့်ဖွဲ့စည်းထားပြီး ပထမ ၁ ခုနဲ့ ၂ ခုက ကော်ပိုရာကာဗာနိုဆာတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ကော်ပိုရာကာဗာနိုဆာက အကြီးဆုံးဆလင်ဒါ ၂ ခုဖြစ်ပြီး အင်္ဂါအလျားလိုက်အတိုင်း ရှိနေကာ ထောင်မတ်စဥ်မှာ သွေးတွေပြည့်လာတဲ့ နေရာဖြစ်ပါတယ်။

 

ပုံကိုထပ်မံအကျယ်ချဲ့ရာမှာ ကော်ပိုရာကာဗာနိုဆာထဲမှာ အကိုင်းခက်များကဲ့သို့ သွေးကြောမျှင်လေးများက သွေးတွေကို သယ်ပို့ပေးပါတယ်။

 

သွေးကြောများနဲ့ အင်္ဂါအဖောင်းအပွများကြား နေရာလွတ် သေးသေးလေးတွေက ကျယ်လာတဲ့နေရာ ဖြစ်ပါတယ်။

 

တတိယမြောက် ဆလင်ဒါကတော့ ဆီးလမ်းကြောင်းရှိနေတဲ့ ကော်ပတ်စ်စပွန်ဂျီယိုစမ် ဖြစ်ပါတယ်။

 

ထိုဆလင်ဒါက ထောင်မတ်စဥ် သွေးများပြည့်လာပြီး ဆီးလမ်းကြောင်းကို ဖိလိုက်တာ ဖြစ်ပါတယ်။

 

ဒါကြောင့် လိင်အင်္ဂါထောင်မတ်စဥ် ဆီးသွားဖို့ ခက်ခဲတာဖြစ်ပါတယ်။

 

တစ်တော့ကြည့်သူတွေကတော့ ကျားအင်္ဂါအသားလွှာကို ဘယ်ကရလဲလို့ မေးနေကြပါတယ်။

 

ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုနည်းနဲ့ လူအများစိတ်ဝင်စားအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။

 

#World_Health #ကျားအင်္ဂါအလွှာပါးလေး #Source: New York Post #အဏုကြည့်မှန်ဖြင့်မြင်ရပုံ