#World_Science
Published 04 April 2024
တရုတ်ပြည်ခေတ်ဆိုးစဥ်ကာလများအတွင်း အုပ်စိုးခဲ့တဲ့  ၆ ရာစုခေတ် တရုတ်ဘုရင်မင်းမြတ်တစ်ပါးရဲ့ ရုပ်ကြွင်းကျန်များမှ ရှေးဟောင်း ဒီအင်န်အေကို ရှေးဟောင်းသုတေသီများ ရှာဖွေတွေ့ရှိခဲ့ကြပြီး ဘုရင်ရဲ့ မျက်နှာကို ပြန်လည်ပုံဖော်တည်ဆောက်ခဲ့ကြပါတယ်။

ဧကရာဇ်ဝူဟာ တရုတ်ပြည် ကျိုးမြောက်ပိုင်းမင်းဆက် တစ်စိတ်တစ်ဒေသကို အုပ်စိုးခဲ့ပြီး ရုန်းရင်းဆန်ခတ်ကာလအတွင်း ရှေးခေတ်က တရုတ်မြောက်ပိုင်း စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ခဲ့ပါတယ်။

၁၉၉၆ တုန်းက တရုတ်အနောက်မြောက်ပိုင်းမှာ အုတ်ဂူတစ်ခု ရှာဖွေတွေ့ရှိခဲ့ပြီး ဧဏရာဇ်ရုပ်ကြွင်းများမှ မျိုးဗီဇအရာများ တွေ့ရှိခဲ့ကာ ဦးခေါင်းခွံအပြည့်အစုံနီးပါးလည်း ပါဝင်ပါတယ်။

ဧကရာဇ်ရဲ့ ပုံပန်းသွင်ပြင်၊ ကျန်းမာရေးအခြေအနေ၊ မျိုးရိုးများကို နားလည်နိုင်ရန် အချက်အလက်များ လေ့လာခဲ့ကြပါတယ်။

ရှေးဟောင်းသုတေသီများရဲ့ အဆိုအရ ဧကရာဇ်ဝူဟာ ရှန်ဘေလို့ခေါ်တဲ့ လူသိနည်းတဲ့မျိုးရိုးက ဖြစ်ပြီး ယနေ့ခေတ် တရုတ်နဲ့ မွန်ဂိုလီးယား အရှေ့မြောက်ဘက်နဲ့ အရှေ့ဘက်တို့ရှိနေရာမှာ နေထိုင်ခဲ့ပါတယ်။

ဒီအင်န်အေမျိုးဗီဇ အချက်အလက်များအရ ဧကရာဇ်ဝူဟာ ဆံပင်အနက်၊ မျက်လုံးအညို၊ အသားအရောင်ရင့်တဲ့ပုံစံ ရှိပါတယ်။

ဖူဒန်တက္ကသိုလ်ရှိ တွဲဖက်ပရော်ဖက်ဆာ ရှောင်ကျင်ဝမ်ပြောကြားရာမှာ ရှန်ဘေလူမျိုးတွေက မုတ်ဆိတ်မွှေးထူထူ၊ နှာတံရှည်ရှည်၊ ဆံပင်အဝါရှိကြပါတယ်။

ဆန်းစစ်ချက်များအရ ဧကရာဇ်ဝူဟာ အာရှအရှေ့ပိုင်း သို့မဟုတ် အာရှအရှေ့မြောက်ပိုင်း မျက်နှာသွင်ပြင်မျိုး ရှိမယ်လို့ သိထားပါတယ်။

ဒီအင်န်အေ လေ့လာချက်အရ ဧကရာဇ်ဟာ အသက် ၃၆ နှစ်မှာ ရုတ်တရက်နတ်ရွာစံခဲ့တာ ဖြစ်နိုင်ပါတယ်။

ကွယ်လွန်ခဲ့ရတဲ့ အကြောင်းအရင်း အတိအကျကို မသိရပေမယ့် သူ့မှာ လေဖြတ်ဝေဒနာဖြစ်နိုင်တဲ့ မျိုးရိုးဗီဇ တွေ့ခဲ့ရပါတယ်။

ဦးခေါင်းခွံအပါအဝင် မျိုးဗီဇအချက်အလက်များကို အသုံးပြုကာ ဧကရာဇ်က ဘယ်လိုပုံစံလဲဆိုတာကို ပုံဖော်ခဲ့ကြကာ 3D မျက်နှာပုံစံကို ပြန်လည်ဖန်တီးခဲ့ကြပါတယ်။

အရေပြား၊ ဆံပင်နဲ့ မျက်လုံးအရောင်တို့ကတော့ ရုပ်ကြွင်းတွေတစ်မျိုးတည်းနဲ့ ခန့်မှန်းလို့မရဘူးလို့ ဒန်ဒီးတက္ကသိုလ်မှ ပို့ချသူ တိုဘီယက်စ်ဟူလ်တန်က ပြောပြသွားပါတယ်။

Source: WION.

#World_Science