Published: 1 December 2021

စင်္ကာပူက သုတေသနပညာရှင်တွေဟာ အက်ပလီးကေးရှင်းတစ်ခုကနေ လူနာရဲ့ နာတာရှည်ဒဏ်ရာအခြေအနေကို အဝေးက သိရှိကုသပေးနိုင်မယ့် စမတ်ပတ်တီးတစ်ခုကို တီထွင်နိုင်ခဲ့တယ်လို့ ရိုက်တာသတင်းအရသိရပါတယ်။ အဲဒီစမတ်ပတ်တီးက မိုဘိုင်းလ်ကိရိယာတစ်ခုရဲ့ အက်ပလီကေးရှင်းအသုံးပြုပြီး ဒဏ်ရာကို အဝေးက စောင့်ကြည့်သိရှိနိုင်တဲ့အတွက် ဆရာဝန်  သွားပြဖို့ အချိန်ကုန်သက်သာစေမှာဖြစ်ပါတယ်။

အကြည်စားပတ်တီးတစ်ခုအပေါ်မှာ တပ်ဆင်တဲ့ အာရုံခံကိရိယာတစ်ခုကို စင်္ကာပူ အမျိုးသားတက္ကသိုလ်က သုတေသနအဖွဲ့ တစ်ဖွဲ့က ဖန်တီးခဲ့တာပါ။ အဲဒီအာရုံခံကိရိယာကတစ်ဆင့် ဒဏ်ရာသက်သာလာတဲ့တိုးတက်မှုအခြေအနေကို အပူချိန်၊   ဘက်တီး ရီးယားအမျိုးအစားနှင့် PH နှင့်ရောင်ရမ်းခြင်းအဆင့်စတဲ့ အချက်အလက်တွေကို အသုံးပြုပြီး သိရှိနိုင်ပါလိမ့်မယ်။

“ အစဉ်အလာရလုပ်တာကတော့ တစ်ယောက်ယောက်ဒဏ်ရာရတာတို့ ပြည်တည်နာတို့ဖြစ်လာလို့ ရောဂါပိုးဝင်သွားရင် အဲဒီအနာကို မျက်စေ့အမြင်နှင့် စစ်ဆေးကြည့်ရှုတာပဲလုပ်လေ့လုပ်ထရှိခဲ့တာပါ” လို့ အဲဒီတက္ကသိုလ်၊ ဇီဝဆေးပညာ အင်ဂျင်နီယာဌာနရဲ့ သုတေသနအဖွဲ့ခေါင်းဆောင် ချွီတက်လင်းက ပြောပါတယ်။

“ ဆေးခန်းဆရာဝန်က အချက်အလက်ပိုသိချင်ရင် အနာက အရည်တွေကို ထုတ်ယူပြီး ဓာတ်ခွဲခန်းပို့စစ်လေ့ရှိကြတယ်” လို့လည်းသူကပြောပါတယ်။

“အဲဒါကြောင့် ကျွန်တော်တို့ရဲ့ ဒီစမတ်ပတ်တီးကို ကြိုးစားသုံးကြည့်ပြီး အချိန်တွေကို နာရီပေါင်းများစွာ ဒါမှမဟုတ် နေ့ပိုင်းတွေကနေ နာရီပိုင်းအထိ လျှော့ချပေးနိုင်ပါလိမ့်မယ်” လို့သူကပြောပါတယ်။

ယခု "VeCare" နည်းပညာဟာ အိမ်မှာပဲ နာလန်ထလာစေနိုင်ပြီး လိုအပ်မှသာ ဆရာဝန်ဆီ သွားပြရပါလိမ့်မယ်လို့ သတင်းက ရေးသားပါတယ်။

Source Reuters