ယာဥ်တစ်စီးကို ဓာတ်အားပေးရန် မလုံလောက်တော့ဘူးလို့ ယူဆထားတဲ့ သုံးပြီးသားဘက်ထရီတွေ များပြားလာတာကြောင့် တရုတ်ပြည်မှ ပြန်လည်အသုံးချရေးကဏ္ဍဟာ အခွင့်အလမ်းသစ်တွေ ရရှိလာပါတယ်။
တရုတ်ရဲ့ လျှပ်စစ်ကား ထုတ်လုပ်ရေးနဲ့ ရောင်းချရေးတို့ဟာ ၉ နှစ်ဆက်တိုက် ကမ္ဘာ့နံပါတ်တစ်နေရာမှာ ရပ်တည်ခဲ့တာကြောင့် လျှပ်စစ်ကားဘက်ထရီဟောင်းတွေလည်း များပြားလာပါတယ်။
ဒါကြောင့် အသုံးပြုပြီးသား ဘက်ထရီတွေကို ပြန်လည်အသုံးချနိုင်မယ့် နည်းလမ်းတွေကို အာရုံစိုက်လာတာ ဖြစ်ပါတယ်။
#World_Industry
#Published_ 23 February 2024
#YMG_News #Yangon_Times #Yangon_Media_Group