Published 24 February 2024

နေနဲ့ထိတွေ့မှု များပါက ဘေးဖြစ်တတ်တယ်လို့ ယေဘုယျသတ်မှတ်ကြပြီး အရေပြားရင့်ရော်ခြင်းနဲ့ အရေပြားကင်ဆာတို့ ဖြစ်နိုင်ခြေများပါတယ်။

ဒါပေမဲ့ ကိုယ်ဝန်ရဖို့ခက်နေတဲ့ အသက် ၃၀ မှ ၄၀ ကြား အမျိုးသမီးတွေမှာတော့ အထောက်အကူ ဖြစ်စေတယ်လို့ တွေ့ရှိထားပါတယ်။

တဲလ်အေဗစ်တက္ကသိုလ်နဲ့ ရှီဘာဆေးဘက်ဆိုင်ရာဌာနတို့မှ လေ့လာချက်မှာ ကိုယ်ဝန်ဆောင်နိုင်တဲ့ နောက်ပိုင်းကာလရောက်နေတဲ့ အမျိုးသမီးတွေရဲ့ မျိုးဥအိမ်ဟာ နွေရာသီရောက်တဲ့အခါ AMH ဟော်မုန်းတွေ ပိုမိုထုတ်လုပ်နိုင်တာကို တွေ့ခဲ့ကြပြီး နေမှလာတဲ့ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုများတာကြောင့် ဖြစ်နိုင်ပါတယ်။

မျိုးဥအိမ်တွေက AMH ကိုထုတ်လုပ်ကြပြီး သွေးထဲက သူ့ပမာဏက မျိုးဥအိမ်လုပ်ဆောင်ချက်နဲ့ ဆက်စပ်နေပါတယ်။

အမျိုးသမီး မျိုးပွားစနစ်မှာ အီစထရိုဂျင်ဟော်မုန်းက အလွန်အရေးပါပေမယ့် AMH နဲ့ အီစထရိုဂျင်တို့ကြား တိုက်ရိုက်ပတ်သက်မှုတော့ မရှိသေးပါဘူး။

အသက် ၃၀ ကျော် အမျိုးသမီးတွေမှာ မျိုးဥသိုလှောင်နိုင်စွမ်း ကျဆင်းလာပေမယ့် နေရောင်ခြည်နဲ့ ထိတွေ့ရာမှာ အထောက်အကူ ဖြစ်လာစေတယ်လို့ သုတေသီတွေ စမ်းသပ်တွေ့ရှိခဲ့ကြပါတယ်။

နေရောင်ခြည်သက်ရောက်မှုက အမျိုးသမီးငယ်တွေမှာတော့ သိပ်ပြီးမသိသာဘဲ အသက် ၃၅ နှစ်ကျော် အမျိုးသမီးတွေမှာ ပိုမိုသိသာကာ ခရမ်းလွန်ရောင်ခြည်ကို သင့်တင့်သလောက်သာ ထိတွေ့သင့်ပါတယ်။
Source: The Jerusalem Post.
#World_Health
#Published_ 24 February 2024
#YMG_News #Yangon_Times #Yangon_Media_Group