၁၅ ဖေဖော်ဝါရီ ၂၀၂၄

ဂျပန်ဟာ မမျှော်လင့်ဘဲ ပြီးခဲ့သည့်နှစ်အကုန်မှာ စီးပွားရေးကျဆင်းမှု recession ထဲ ရောက်ရှိသွားရပြီး ကမ္ဘာ့တတိယ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း ဂျာမနီနိုင်ငံထံ လွှဲပေးလိုက်ရပါတယ်။ ဆယ်စုနှစ်ကြာညောင်းခဲ့တဲ့ ယင်းရဲ့အလွန်လျော့တိလျော့လျဲနိုင်လှတဲ့ ငွေကြေးမူဝါဒကနေ ဂျပန်ဗဟိုဘဏ်က ရုန်းထွက်နိုင်မှာလားဆိုတဲ့အပေါ်လည်း သံသယဖြစ်နေကြပါတယ်။

တရုတ်ရဲ့လိုအပ်မှု ကျဆင်းခြင်း၊ဝယ်လိုအားခြောက်ကပ်နေခြင်းနှင့် တိုယိုတာကား စက်ရုံတစ်ခု ထုတ်လုပ်မှုရပ်ဆိုင်းထား ရခြင်းတွေကြောင့် လက်ရှိသုံးလတ်ပတ်မှာ ဂျပန်စီးပွားရေးဟာ နောက်ထပ်ကျုုံလာနိုင်တယ်လို့ ပညာရှင်တွေက သတိပေး  လိုက်ပါတယ်။

“ ဂျပန်စီးပွားရေးဟာ အရှိန်ဆက်ပြီးလျော့ကျနေဦးမှာဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု အဓိကမောင်းနှင်အားတွေ မရှိဖြစ်နေ တယ်” လို့ ဒိုင်အီချီလိုက်ဖ် သုတေသနအဖွဲ့မှ အကြီးတန်းအမှုဆောင်စီးပွားရေးပညာရှင် ယိုရှီကီ ရှင်ကေးကပြောပါတယ်။

ဂျပန်ရဲ့ ဂျီဒီပီဟာ ပြီးခဲ့တဲ့သုံးလပတ်မှာ ၃.၃ ရာခိုင်နှုန်းကျဆင်းပြီးနောက်  အောက်တိုဘာမှ ဒီဇင်ဘာ တစ်နှစ်တာကာလ အတွင်းမှာ စုစုပေါင်း၀.၄ ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ အစိုးရရဲ့ ကြာသပတေးနေ့က ထုတ်ပြန်ချက်အရသိရပါတယ်။

သုံးလပတ်နှစ်ခု ဆက်တိုက် စီးပွားရေးကျုံ့သွာတဲ့အတွက် ပညာရပ်ပိုင်းဆိုင်ရာ အနက်အဓိပ္ပါယ်ဖွင့်ဆိုရလျှင် ဂျပန်ဟာ စီးပွးရေးကျဆင်းမှု recession ထဲရောက်ရှိသွားတာဖြစ်ပါတယ်။

“ သုံးလတ်ပတ်နှစ်ခုဆက်တိုက် ဂျီဒီပီျကဆင်းကြီး သုံးလပတ်သုံးခု ဆက်တိုက်  ပြည်တွင်းဝယ်အားကျဆင်းရတာဟာ သတင်းဆိုးတစ်ခုဖြစ်တယ်” လို့  Moody's Analytics အဖွဲ့အစည်းရဲ့ အကြီးတန်းစီးပွားရေးပညာရှင် စတီဖန် အင်ဂရစ်က ပြောပါတယ်။

Source Reuters

@ymg/knl