Published 26 January 2024

တောင်ကိုရီးယားသမ္မတ ယွန်ဆော့ယောရဲ့ ဇနီးဖြစ်သူက သင်းအုပ်ဆရာတစ်ဦးထံကနေ တန်ဖိုးကြီးလက်ကိုင်အိတ်တစ်လုံး လက်ခံရယူပုံကို ဗီဒီယိုကင်မရာဖြင့် ဖမ်းယူရရှိပြီးနောက် လူသိရှင်ကြား တောင်းပန်ရန် သမ္မတကြီးကို ဖိအားပေးလာကြပါတယ်။

ဒီအဖြစ်အပျက်ကြောင့် လာမယ့် ပါလီမန်ရွေးကောက်ပွဲတွေမှာ အာဏာရကွန်ဆာဗေးတစ်တွေအတွက် အထိနာလိမ့်မယ်လို့ သုံးသပ်ရေးများက ဆိုလိုက်ပါတယ်။

သမ္မတကတော် ကင်မ်ကီယွန်ဟီက အမေရိကန် သင်းအုပ်ဆရာမှပေးတဲ့ ဒေါ်လာ ၂၂၀၀ တန် Dior လက်ကိုင်အိတ်ကို လက်ခံရယူနေတဲ့ ဗီဒီယိုတစ်ခုဟာ အွန်လိုင်းမှာ တက်လာခဲ့တာ ဖြစ်ပါတယ်။

သင်းအုပ်ဆရာကတော့ သမ္မတကတော် အကျင့်ပျက်ခြစားတယ်ဆိုတာကို  သက်သေဖို့အတွက် ဒီအထောက်အထားကို လျှို့ဝှက်စွာ ဗီဒီယိုရိုက်ကူးခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။

ယွန်ဆော့ယောက ဒီပြဿနာဟာ အလိုလိုပြေပျောက်သွားမယ်လို့ မျှော်လင့်နေပေမယ့် မဲဆန္ဒရှင်တွေ ပိုမိုစိတ်ပျက်လာတဲ့ အခြေအနေတွေကြောင့် လျစ်လျူရှုထားလို့ မရတော့ပါဘူး။

သမ္မတကတော် လုပ်ရပ်မှားတွေနဲ့ ပတ်သက်ပြီး စွပ်စွဲချက်တွေ ပျံ့နှံ့နေချိန်မှာ သမ္မတကတော်တစ်ယောက်အနေနဲ့ တန်ဖိုးကြီးလက်ကိုင်အိတ်တစ်လုံး လက်ခံရယူပုံ မှတ်တမ်းတင်တွေ့ရှိတာဟာ ဒါပထမဆုံး ဖြစ်ရပ်ပါပဲလို့ ဆိုးလ်မြို့ရှိ အစိုးရသမ္မတရဲ့ အကြံပေးအဖွဲ့အစည်း အကြီးအကဲ ချွဲဂျင်က ပြောပြသွားပါတယ်။
Source: South China Morning Post
#World_News
#Published_ 26 January 2024
#YMG #Yangon_Times #Yangon_Media_Group