Published 12 January 2024

ရှေ့နေများက နိုင်ငံတကာတရားရုံး(ICJ)မှာ အစ္စရေးလ်တို့ လူမျိုးသုဥ်းသတ်ဖြတ်နေတယ်ဆိုပြီး အမှုတင်သွင်းခဲ့ရာ တောင်အာဖရိကကို ဟားမတ်စ်စစ်သွေးကြွတို့ရဲ့ တရားဝင်အသိအမှတ်ပြု လက်ခွဲအဖွဲ့လို့ အစ္စရေးလ်က ဇန်နဝါရီ ၁၁ ရက်နေ့မှာ ခေါ်ဆိုလိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လီယာဟိုင်ယက်က ဂါဇာကမ်းမြောင်မှာ အစ္စရေးလ်တို့ စစ်ဆင်ရေးဆင်နွှဲနေတဲ့အပေါ် တောင်အာဖရိကမှ တရားစွဲဆိုခြင်းနဲ့ ပတ်သက်ပြီး သမိုင်းမှာ သူတော်ကောင်းယောင် အဆောင်ဆုံးဖြစ်ရပ်လို့ သတ်မှတ်လိုက်ပါတယ်။

တောင်အာဖရိကရဲ့ တရားစွဲချက်မှာ အစ္စရေးလ်တို့က ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စ်တိုင်းလူမျိုးများအပေါ် လူမျိုးသုဥ်းသတ်ဖြတ်မှု ကျူးလွန်နေပြီး ဂါဇာမှာ စစ်ပွဲတိုက်ခိုက်မှုတွေ အရေးပေါ်ရပ်ဆိုင်းပေးရန် အလိုရှိနေတာ ဖြစ်ပါတယ်။

အစ္စရေးလ်က ထိုစွပ်စွဲချက်ဟာ ယုတ္တိမရှိ ရယ်စရာကောင်းတယ်ဆိုပြီး ငြင်းဆိုလိုက်ကာ အခိုင်အမာ ကာကွယ်သွားမယ်လို့ သောကြာနေ့က ဆိုလိုက်ပါတယ်။

တောင်အာဖရိက တရားရေးဝန်ကြီး ရော်နယ်လာမိုလာက ဘယ်လောက်ပဲ ဆိုးရွားသည်ဖြစ်စေ တိုင်းတစ်ပါးကို ပစ်ခတ်တိုက်ခိုက်တာမျိုး မပြုလုပ်သင့်ကြောင်း၊ ဒါမှသာ ကာကွယ်ပိုင်ခွင့် လုပ်ရိုးလုပ်စဥ်အတိုင်း ကာကွယ်ခွင့်ရမှာ ဖြစ်ကြောင်း၊ အစ္စရေးလ်တို့ တုန့်ပြန်တိုက်ခိုက်တာက စည်းကျော်သွားပြီး ထိုလုပ်ရိုးလုပ်စဥ်ကို ဖောက်ဖျက်ရာကျကြောင်း ပြောကြားသွားပါတယ်။

အမှုကြားနာတဲ့နေ့မှာ အစ္စရေးလ်လိုလားသူ ထောင်နဲ့ချီပြီး ကုလသမဂ္ဂ အထက်တရားရုံးရှေ့မှာ အလံကိုင်ဆန္ဒပြကြကာ ဟားမတ်စ်တို့ဖမ်းဆီးသွားတဲ့ ဓားစာခံရဲ့ပုံတွေကိုလည်း ကိုင်ဆောင်ထားကြပါတယ်။

ဒါ့အပြင် ပါလက်စ်တိုင်းလိုလားသူတွေကလည်း ချီတက်လာကြရာ နှစ်ဖက်ခိုက်ရန် မဖြစ်ပွားစေရန် ရဲအင်အားအများအပြား နေရာချထားခဲ့ရပါတယ်။

ကမ္ဘာ့တရားရုံးက တောင်အာဖရိက စွပ်စွဲချက်ကို ကြာသပတေးနေ့မှာ ကြားနာမှာဖြစ်ပြီး အစ္စရေးလ်ရဲ့ တုန့်ပြန်ဖြေကြားချက်ကို သောကြာနေ့မှာ ကြားနာမှာ ဖြစ်ပါတယ်။

တိုင်းပြည်တစ်ခုခု ဒါမှမဟုတ် လူမျိုးစုတစ်ခုမှ လူအများအပြားကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းဟာ လူမျိုးသုဥ်းသတ်ဖြတ်မှု မြောက်ပါတယ်။
Source: WION
#World_News
#Published_ 10 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News