Published 17 December 2023
 
အကြီးမားဆုံး ရေသိုလှောင်နေရာတွေထဲက တစ်ခုဖြစ်တဲ့အပြင် သက်တမ်းအရင့်ဆုံးပါ ဖြစ်နေနိုင်တဲ့ ရေလှောင်နေရာကြီးကို တွေ့ရှိထားပြီး ဒါဟာ ကမ္ဘာပေါ်မှာမဟုတ်ဘဲ သိပ္ပံပညာရှင်များရဲ့ တွေ့ရှိချက်အရ အာကာသထဲမှာ မျောနေတာ ဖြစ်နေပါတယ်။ 
 
 စကြဝဠာထဲမှာ တွေ့ရှိဖူးသမျှ အကြီးဆုံးရေလှောင်နေရာကြီးဖြစ်ပြီး သူ့ရဲ့ရေထုထည်က ကမ္ဘာပေါ်ရှိ သမုဒ္ဒရာရေအားလုံးပေါင်းထက် ၁၄၀ ထရီလီယံကျော် ပိုများနေပါတယ်။ 
 
ဒါပေမဲ့ အလင်းနှစ် ၁၂ ဘီလီယံကျော်ကွာဝေးကာ ကေဆာလို့ခေါ်တဲ့ ဧရာမတွင်းနက်ကြီးက ဝိုင်းရံထားတာကြောင့် ထိုရေတွေကို တယ်လီစကုပ်ကနေ မြင်တွေ့ဖို့ ခက်ခဲပါတယ်။ 
 
ကေဆာတွေဟာ လှုပ်ရှားနေတဲ့ နဂါးငွေ့တန်းဂလက်ဆီတွေရဲ့ ဗဟိုဖြစ်ပြီး တွင်းနက်ကြီးကနေ ဓာတ်ငွေ့တွေကို သုံးစွဲကာ အားဖြည့်ပေးနေတာ ဖြစ်ပါတယ်။ 
 
ဒါဟာ အစောဆုံးအချိန်တွေကတည်းက ရေက စကြဝဠာအနှံ့ ရှိနေတယ်ဆိုတာကို ပြသရာရောက်ပါတယ်။ 
 
အလင်းနှစ်ရာချီကွာဝေးတဲ့ ဓာတ်ငွေ့နေရာက တွင်းနက်ကြီးတဝိုက် ရေငွေ့များပျံ့နှံ့နေတာကို ဖော်ပြနေပါတယ်။
 
စကြဝဠာထဲမှာ ရေတွေ့ရှိတာဟာ သိပ္ပံပညာရှင်တွေအတွက် အဆန်းမဟုတ်ဘဲ နဂါးငွေ့တန်းမှာလည်း တွေ့ရှိထားပေမယ့် အများစုက အေးခဲနေတာ ဖြစ်ပါတယ်။ 
 
ဝေးကွာလှတဲ့ စကြဝဠာအကြောင်း ပိုမိုနားလည်ရန် မျှော်လင့်နေကြပြီး ချီလီနိုင်ငံ အက်တာကေမာကန္တာရမှာ ၂၅ မီတာရှည်တဲ့ တယ်လီစကုပ်တည်ဆောက်ရန် အကြောင်းပြချက် ရှိလာပါတယ်။ 
Source: WION. 
#World_Science
#Yangon_Media_Group
#YMG_News #Yangon_Times