#World_Science
Published 28 November 2023


အာကာသမှာ တာဝန်ထမ်းဆောင်ပြီး ပြန်ရောက်လာတဲ့ အမျိုးသား အာကာသယာဥ်မှူးတွေမှာ ကျားအင်္ဂါထောင်မတ်ခြင်း ပြဿနာများ ကြုံတွေ့ရနိုင်ဖွယ်ရှိတယ်လို့ သိပ္ပံပညာရှင်များ ပြောကြားလိုက်ပါတယ်။

 

ထိုပြဿနာ ဖြစ်နိုင်ခြေက အာကာသထဲမှာ ရှိနေစဥ်သာမကဘဲ ကမ္ဘာမြေသို့ ပြန်ရောက်ပြီးနောက် အချိန်အတော်ကြာတဲ့အထိ ဆက်လက်ခံစားနေရနိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။

 

အာကာသထဲရှိစဥ် ဂလက်တစ်ကော့စ်မစ်ရောင်ခြည် (GCR)စွမ်းအင်မှုန်များ ပမာဏမြင့်မားစွာ ထိတွေ့ခဲ့ကြပြီး လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေတာ ဖြစ်ပါတယ်။

 

GCR ရောင်ခြည်တွေရဲ့ သက်ရောက်မှုက တာရှည်ပေမယ့် တစ်ရှူးတွေထဲက နိုက်ထရစ်အောက်ဆိုဒ်နဲ့ ရီဒေါက်စ်လမ်းကြောင်းတို့ကို ပစ်မှတ်ထားကုသခြင်းဖြင့် ကုသနိုင်ဖွယ်ရှိတယ်လို့ ဖလော်ရီဒါပြည်နယ် တက္ကသိုလ်မှ အာရုံကြောလမ်းကြောင်း ဆရာဝန် ဂျက်စတင်လာဖေဗာက ဆိုလိုက်ပါတယ်။

 

အာကာသယာဥ်မှူးတွေ အနာဂတ်မှာ အာကာသခရီးစဥ်ကနေ ပြန်လာတဲ့အခါ သူတို့ရဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အနီးကပ်စောင့်ရှောက်သင့်တယ်လို့ ဆိုပါတယ်။

 

လက်ရှိ အာကာသယာဥ်တွေဟာ GCR ရောင်ခြည်ကို မကာကွယ်ပေးနိုင်ဘဲ ဖြစ်နေပါတယ်။

 

GCR ရောင်ခြည်ထိတွေ့ခြင်းရဲ့ နောက်ဆက်တွဲတွေကို ဆေးကုသနည်းလမ်းများဖြင့် လျှော့ချနိုင်ဖွယ်ရှိပေမယ့် နောက်ထပ်သုတေသနတွေ ပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။

 

ဂလက်တစ်ကော့စ်မစ်ရောင်ခြည် သက်ရောက်မှုကြောင့်ဖြစ်တဲ့ ကျားအင်္ဂါ မထောင်မတ်ခြင်းပြဿနာကို ဓာတ်တိုးဆန့်ကျင်ပစ္စည်း အမျိုးမျိုးဖြင့် ကုသနိုင်တယ်လို့ သုတေသနမှာ ဖော်ပြထားပါတယ်။

 

#World_Science #အာကာသယာဥ်မှူးအမျိုးသား #ကျားအင်္ဂါမစွမ်းသန်ပြဿနာဖြစ်နိုင်ခြေများ #Source: WION