#World_Science
Published 26 November 2023


လေ့လာချက်များအရ  ၅-၁၀ ရာခိုင်နှုန်းသော လူတွေဟာ သူတို့နဲ့ သက်ဆိုင်တဲ့ ကွယ်လွန်သူများရဲ့ အသံများကို ကြားရတယ်လို့ တွေ့ရှိထားပါတယ်။

 

ဒီလိုမျိုး ထင်ယောင်ထင်မှား အသံတွေကြားတဲ့အခါ ဦးနှောက်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကို သိပ္ပံပညာရှင်တွေ နားမလည်ဘဲ ဖြစ်နေပါတယ်။

 

ထိုအကြောင်းကို ဖြေရှင်းပေးနိုင်မယ့် စက်ရုပ်ပါဝင်တဲ့ သီအိုရီတစ်ခုကို ဖန်တီးခဲ့ပြီလို့ ဂျီနီဗာတက္ကသိုလ်မှ အာရုံကြောသိပ္ပံပညာရှင် ပေဗိုအော်ရီပစ်က ဆိုလိုက်ပါတယ်။

 

စိတ်ရောဂါ ခံစားနေရသူတွေသာ ဒီလိုထင်ယောင်ထင်မှားမျိုးကို ခံစားရတာ မဟုတ်ဘူးလို့ ယူဆနိုင်ပြီး စိတ်ကစဥ့်ကလျားဝေဒနာရှင် ၇၀ ရာခိုင်နှုန်းလောက်ဟာလည်း ဒီလိုအသံမျိုး ကြားရကြောင်း တွေ့ရှိထားပါတယ်။

 

လူတစ်ယောက်ရဲ့ အာရုံခံစားမှုက ဦးနှောက်မှ မျှော်မှန်းထားတာနဲ့ မကိုက်ညီတဲ့အခါ ထင်ယောင်ထင်မှား ဖြစ်ပေါ်တတ်ပါတယ်။

 

အော်ရီပစ်က စမ်းသပ်မှုတစ်ခုကို ဖန်တီးလိုက်ကာ လူတွေကို မျက်လုံးအုပ်ထားပြီး ရှေ့က လီဗာတံကို ဖိခိုင်းပါတယ်။

 

ဒီလိုဖိလိုက်တဲ့အခါ စက်ရုပ်လက်တစ်ခုက သူတို့ကျောကို လာထိပါတယ်။

 

ဒီလိုကြုံလာတဲ့အခါ လူတွေရဲ့ဦးနှောက်မှာ သူတို့ရဲ့လက်ကပဲ ကျောကိုလာထိတယ်လို့ စတင်ခံယူလာပါတယ်။

 

ထို့နောက် စမ်းသပ်မှုကို အနည်းငယ် ပြောင်းလဲလိုက်ပြီး လီဗာတံကို ဖိလိုက်တဲ့အခါ အနည်းငယ်ကြာပြီးမှ စက်ရုပ်လက်က လာထိစေပါတယ်။

 

ဒီအခါမှာတော့ အခြားတစ်ယောက်ယောက်က သူတို့ကို လာထိတယ်လို့ ဦးနှောက်က မှတ်ယူလာကြောင်း အော်ရီပစ်က ပြောကြားသွားပါတယ်။

 

နောက်ထပ် စမ်းသပ်ချက်မှာတော့ စမ်းသပ်ခံသူတွေရဲ့ အသံတွေ၊ အခြားအသံတွေ ရောထားတာတွေ၊ အသံလုံးဝမပါတာတွေကို နားထောင်စေပါတယ်။

 

အံ့အားသင့်စရာ ကောင်းတာက အနည်းငယ်ကြာပြီးမှ ကျောလာထိတဲ့ စမ်းသပ်မှုကို ပြုလုပ်ထားတဲ့သူတွေဟာ ဘာအသံမှ မရောထားတဲ့အခါမှာပင် အသံတွေကို ပိုမိုကြားကြတယ်လို့ တွေ့ရှိရပါတယ်။

 

ထင်ယောင်ထင်မှားတွေ ဖြစ်ရတဲ့ အကြောင်းအရင်းနောက်ကွယ်မှာ တကယ်တမ်းက ဦးနှောက်ထဲမှာပင် ဖြစ်ပျက်နေတာဖြစ်ကြောင်း အော်ရီပစ်က ရှင်းပြထားပါတယ်။

 

အချို့လူတွေဟာ သူများတွေထက် ဒီလိုမျိုးပိုပြီး ခံစားထင်မှတ်တတ်ကြပါတယ်။

 

#World_Science #ကွယ်လွန်သူများ၏အသံများ #သိပ္ပံပညာရှင်များစမ်းသပ် #Source: WION