#World_Health
Published 09 November 2023


အင်ပျဥ်ယားနာတွဟာ အဖြစ်များတဲ့ အရေပြားရောဂါဖြစ်ပြီး နီမြန်းယားယံတတ်တဲ့ အကွက်တွေ ဖြစ်ပါတယ်။

 

အပူအစပ်များ၊ အပူအအေး မတည့်ခြင်း၊ အလှကုန်ပစ္စည်းများ၊ ဆပ်ပြာမှုန့်၊ စိတ်ဖိစီးမှုအလွန်များပြားခြင်း စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တတ်ပါတယ်။

 

စိတ်ဖိစီးမှုကြောင့်လည်း အင်ပျဥ်ကွက်များ ဖြစ်တတ်တာကို သိရှိထားဖို့လိုတယ်လို့ ကိုလိုရာဒိုဆေးတက္ကသိုလ်မှ အရေပြားရောဂါ ပရော်ဖက်ဆာ ဝစ်တနီဟိုက်က ပြောပြလိုက်ပါတယ်။

 

၂၀၁၈ လေ့လာချက်အရ အင်ပျဥ်ကွက်များ ကြာရှည်ခံစားရသူတွေဟာ စိတ်ဖိစီးမှုမြင့်မားပြီး ပိုမိုယားယံတတ်ကြတယ်လို့ တွေ့ရှိဖူးပါတယ်။

 

ဖိစီးမှုကြောင့် ဖြစ်ပေါ်တဲ့ ယားနာတွေဟာ များသောအားဖြင့် အနီရောင် ပန်းရောင်အဖုလေးများဖြစ်ပြီး လည်ပင်း၊ ရင်ဘတ်၊ မျက်နှာ၊ လက်တို့မှာ အဖြစ်များပါတယ်။

 

အချို့လူတွေမှာ နှုတ်ခမ်း၊ မျက်ခွံတို့ ရောင်ရမ်းခြင်းတို့ပါ ဖြစ်တတ်ပါတယ်။

 

အဖုသေးလေးတွေကစလို့ အဖုအပိန့်ကြီးတွေအထိ အစုလိုက်အပြုံလိုက် ဖြစ်တတ်ပြီး အချို့လူတွေမှာ ပူစပ်ပူလောင်ပါ ခံစားရတတ်ပါတယ်။

 

စိတ်ဖိစီးမှုဖြစ်တဲ့အခါ ခန္ဓာကိုယ်ကနေ တုန့်ပြန်တဲ့အနေနဲ့ ဖိစီးမှုဟော်မုန်း ကော်တီဆောလ်နဲ့ ဟစ္စတမင်းအပါအဝင်း အခြားဒြပ်ပေါင်းများ ထုတ်လုပ်ပေးပါတယ်။

 

ဖိစီးမှုကြောင့်ဖြစ်တဲ့ ယားနာတွေဟာ ကြာရှည်မဖြစ်တတ်ဘဲ ဖိစီးမှုအခြေအနေ ပြေလျော့သွားတာနဲ့ ၂၄ နာရီအတွင်း သက်သာသွားတတ်ပါတယ်။

 

အင်ပျဥ်ယားနာ ဖြစ်တဲ့အခါ ရောင်ရမ်းခြင်းနဲ့ နီမြန်းယားနာခြင်းတို့ကို သက်သာအောင် Benadryl ၊ Zyrtec ၊ Cortisone တို့လို သောက်ဆေးတွေ အသုံးပြုနိုင်ပါတယ်။

 

ပါးလွှာတဲ့ အရေပြားနေရာတွေဟာ ကုသရလွယ်ကူပေမယ့် ထူထပ်တဲ့နေရာတွေကတော့ လိမ်းဆေးတွေက သိပ်ပြီးမထိရောက်ပါဘူး။

 

အင်ပျဥ်ဖြစ်တဲ့နေရာတွေမှာ ကြပ်တဲ့အဝတ်အစားတွေ၊ အပူဒဏ်တို့ကို ရှောင်ရှားသင့်ပြီး ဒါတွေက ဖိအားဖြစ်ပြီး ပိုမိုဆိုးရွားစေတယ်လို့ ဆိုပါတယ်။

 

ဖိစီးမှုကြောင့်ဖြစ်တဲ့ ယားနာအင်ပျဥ်တွေ တာရှည်နေတယ်ဆိုရင်တော့ ပညာရှင်များနဲ့ တိုင်ပင်ဖို့ အကြံပြုထားပါတယ်။

 

ဒါ့အပြင် စိတ်ဖိစီးမှုကို လျှော့ချပြီး ယားနာအင်ပျဥ် မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။


ဖိစီးမှုလျှော့ချနိုင်မယ့် နည်းလမ်းများကတော့..

 

-        လေ့ကျင့်ခန်းနဲ့ အားကစားများ

 

-        ကွန်ပျူတာ၊ ဖုန်း၊ ဆိုရှယ်မီဒီယာ အသုံးပြုချိန် ကန့်သတ်ခြင်း

 

-        ယောဂ၊ ထိုက်ချိ၊ အသက်ရှူလေ့ကျင့်ခန်း ကျင့်ကြံခြင်း

 

-        တရားထိုင်ခြင်း

 

-        မိတ်ဆွေအပေါင်းအသင်းနဲ့ လမ်းလျှောက်ထွက်ခြင်း

 

-        သီချင်းနားထောင်ခြင်း၊ စာအုပ်ဖတ်ခြင်း

 

-        ရုပ်သံအစီအစဥ် နားထောင်ခြင်းတို့ ဖြစ်ပါတယ်။

 

#World_Health #စိတ်ဖိစီးမှုကြောင့်ဖြစ် #ယားနာအင်ပျဥ် #Source: New York Post