Published_ 02 November 2023

မားစ်ဂြိုဟ်(အင်္ဂါဂြိုဟ်)ဟာ မျက်စိကျစရာ ဂြိုဟ်တစ်ခုဖြစ်ပေမယ့် လူသားတွေ သေချာလေ့လာမှု မလုပ်ရသေးပါဘူး။

အာကာသယာဥ်များ လွှတ်တင်ထားပေမယ့် လူသားတွေတော့ မရောက်သေးပါဘူး။

ထိုဂြိုဟ်ပေါ်မှာ အေးခဲနေတဲ့ရေတွေကို အနာဂတ်မှာ ရှာဖွေဖို့ အစီအစဥ်တွေ ရှိနေပါတယ်။

မားစ်ဂြိုဟ်ပေါ်ရောက်ရင် ဘယ်နေရာမှာ ဆင်းသက်မလဲဆိုတာကလည်း မေးခွန်းတစ်ခု ဖြစ်နေပါတယ်။

မကြာသေးမီက ထုတ်လုပ်ထားတဲ့ မြေပုံဖြင့် အကူအညီရနိုင်ဖွယ် ရှိနေပါတယ်။

နာဆာမှ ငွေကြေးထောက်ပံ့ထားတဲ့ စီမံကိန်း (SWIM)ဟာ မားစ်ဂြိုဟ်ပေါ်က ရေမျက်နှာပြင်အောက် ရေခဲရေများ တည်ရှိတဲ့နေရာကို မြေပုံဖြင့်  ၄ ကြိမ်မြောက် ဖော်ပြထားပြီး မားစ်ပေါ်သို့ စေလွှတ်မယ့် ပထမဆုံးလူသားတွေကို ဘယ်နေရာမှာ ဆင်းသက်ရမလဲဆိုတာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ နာဆာတာဝန်ရှိသူများက ဆိုပါတယ်။

မားစ်ဂြိုဟ်ရဲ့ နယ်မြေတွေကို ပုံရိပ်ပြတ်သား အရည်အသွေးမြင့် ကင်မရာပစ္စည်းများဖြင့် အသုံးပြုပြီး အချက်အလက်များမှ မြေပုံကိုဖန်တီးထားတာ ဖြစ်ပါတယ်။

မားစ်ဂြိုဟ်ပေါ်သို့ ပထမဆုံးအခြေချမယ့် လူသားတွေအတွက် နေရာကိုရှာဖွေရာမှာ အကူအညီဖြစ်စေပြီး ရေများများပိုရှိလေ မစ်ရှင်လုပ်ရတာနည်းလေ ဖြစ်ပါတယ်။

မားစ်ပေါ်က ရေခဲရေတွေဟာ လူသားတွေအတွက် သောက်သုံးရေဖြစ်နိုင်သလို ဒုံးပျံလောင်စာအတွက် အဓိကပါဝင်ပစ္စည်း ဖြစ်နေနိုင်တယ်လို့ နာဆာဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့လည်း အရမ်းချမ်းအေးလွန်းတဲ့ နေရာတွေကိုလည်း မသွားစေချင်ကြပါဘူး။

ဒါကြောင့် မားစ်ကိုသွားမယ်ဆိုရင် အီကွေတာနဲ့ အနီးဆုံးနေရာကို သွားစေချင်ကြောင်း၊ ရေခဲပြမြေပုံက လူသားတွေ ခြေချရန် အသင့်လျော်ဆုံးနေရာကို ညွှန်ပြပေးသွားမှာ ဖြစ်တယ်လို့ SWIM စီမံကိန်းမန်နေဂျာ ဆစ်ဒနီဒိုက ပြောပြသွားပါတယ်။  
Source: WION
#Yangon_Times
#World_Science
#Published_ 02 November 2023
#YMG #Yangon_Times #Yangon_Media_Group