#World_Health
Published 28 October 2023


လူကြိုက်အများဆုံး ငှက်ပျောသီးတစ်မျိုးဟာ ရောဂါပျံ့ပွားမှုတစ်ခုကြောင့် မျိုးသုဥ်းပျောက်ကွယ်လုနီးပါး ဖြစ်နေပြီလို့ သိပ္ပံပညာရှင်များ သတိပေးလိုက်ပါတယ်။

 

လူတွေစားသုံးနေတဲ့ ငှက်ပျောသီးတွေထဲက တဝက်ခန့်နီးပါးရှိတဲ့ ကေဗင်ဒစ်ရှ်ငှက်ပျောသီးတွေဟာ ပနားမားရောဂါ သမပိုင်း ၄ လို့ခေါ်တဲ့ မှိုရောဂါတစ်မျိုး တိုက်ခိုက်ခံနေရပါတယ်။

 

အပင်ရဲ့ အမြစ်ကနေ အစပြုကာ ကျန်တဲ့အစိတ်အပိုင်းအားလုံးကို ထိခိုက်စေပြီး အစာနဲ့ရေ ပြတ်တောက်အောင် ပြုလုပ်လိုက်ပါတယ်။

 

TR4 ကို ထိုင်ဝမ်မှာ ၁၉၈၉ ခုနှစ်က ပထမဆုံးတွေ့ရှိခဲ့ပြီး  ဒီနောက် ကမ္ဘာပေါ်မှာ ငှက်ပျောသီး အများဆုံးထုတ်လုပ်တဲ့ ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယတို့အပြင် အရှေ့အလယ်ပိုင်းနဲ့ အာဖရိကကိုပါ ကူးစက်ပျံ့နှံ့လာပါတယ်။

 

တစ်နိုင်ငံကို ကူးစက်သွားပြီဆိုရင် ရှင်းထုတ်ဖို့ အလွန်ခက်ခဲသွားကြောင်း အိတ်စတာတက္ကသိုလ်မှ ဒန်ဘက်ဘာက ၂၀၁၉ ခုနှစ်မှာ ရှင်းပြခဲ့ပါတယ်။

 

အသီးအမျိုးအစားပေါင်း တစ်ထောင်ကျော် ရှိတဲ့အထဲမှာ လူတွေစားသုံးတဲ့ ငှက်ပျောသီးမျိုးစိတ်တွေထဲက ၄၇ ရာခိုင်နှုန်းဟာ ကေဗင်ဒစ်ရှ် အမျိုးအစားဖြစ်ပါတယ်။

 

နောက်ထပ် နာမည်ကြီးအမျိုးအစားဖြစ်တဲ့ ဂရော့စ်မိုက်ကယ်ကတော့ ၂၀ ရာစုအစောပိုင်းမှာ TR1 ကြောင့် မျိုးသုဥ်းခဲ့ပြီ ဖြစ်ပါတယ်။

 

ကံကောင်းစွာနဲ့ပဲ အရမ်းနောက်မကျခင်မှာ ဒီလိုမျိုး ပျောက်ကွယ်ခြင်းမဖြစ်အောင် ကာကွယ်နိုင်မယ်လို့ ပညာရှင်များ ယုံကြည်နေကြပါတယ်။

 

ထိခိုက်မှု အရမ်းမဆိုးရွားခင် အချိန်အနည်းဆုံး ဆယ်စုနှစ်တစ်ခုလောက် ရထားကြောင်း၊ ဈေးကွက်မှာ ဆိုးဆိုးရွားရရွား မထိခိုက်ခင် ဖြေရှင်းနိုင်မယ်လို့ ဆိုလို့ရကြောင်း ပြောပြခဲ့ကြပါတယ်။

 

TR4 ကို ခံနိုင်ရည်ရှိအောင် အသီးကိုင်းဖြတ်ဆက်ခြင်းဖြင့် မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲနိုင်မယ့် ဖြေရှင်းချက်မျိုး ပါဝင်နေပါတယ်။

 

ထိုင်ဝမ်မှ သိပ္ပံပညာရှင်အချို့ကတော့ ကာကွယ်ဆေးနည်းလမ်းလိုမျိုး ကေဗင်ဒစ်ရှ်မျိုးစေ့တွေကို TR4 နဲ့ ထိတွေ့စေပြီး ခံနိုင်ရည်ရှိအောင် စမ်းသပ်နေကြပါတယ်။

 

မျိုးရိုးဗီဇ ကွဲပြားသွားပါက ရောဂါကူးနိုင်ခြေ နည်းပါးသွားတာကြောင့် အမျိုးအစားအစုံ အသီးများ အများအပြား ထုတ်လုပ်ရန်က အဖြေဖြစ်လာနိုင်ကြောင်း ကိုအက်ပယ်က ပြောသွားပါတယ်။

 

#World_Health #မှိုရောဂါကူးစက်ပျံ့ပွား #ငှက်ပျောသီးများပျောက်ကွယ်သွားနိုင် #Source: New York Post