၁၆ အောက်တိုဘာ ၂၀၂၃

၂၀၁၅ခုနှစ်က မယ်ကမ္ဘာရွေးပွဲတွင် ဥရုဂွေး နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခဲ့တဲ့ ရှာရီကာ ဒီအာမတ်စ်သည် အောက်တိုဘာ ၁၃ ရက်နေ့က သားအိမ်ခေါင်းကင်ဆာဖြင့် အသက် ၂၆နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့တယ်လို့သိရပါတယ်။ သူမဟာ သားအိမ်ခေါင်းကင်ဆာကြောင့် ဓာတုနှင့် ဓာတ်ရောင်ခြည်ကုထုံးတိုဖြင့်ကုသခံနေရစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်ပါတယ်။

သူမကွယ်လွန်ခြင်းအတွက် ဥရုဂွေးတင်မက ကမ္ဘာတစ်လွှားကပါ ထိန့်လန့်တုန်လှုပ်ခဲ့ကြရပါတယ်။ “ ညီမလေးရေး မြင့်မြင့်သာ ပျံတက်ပါတော့ အမြဲထာဝရနော်” လို့ အစ်ကိုဖြစ်သူ မေ့ခ်ဒီအာမတ်စ်က ဆိုရှယ်မီဒီယာမှာရေးခဲ့ပါတယ်။ ၂၀၂၂ မယ်စကြဝဠာ ဥရုဂွေး ကာလရိုမီယိုကလည်း သူမကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြေကွဲခဲ့ပါတယ်။ “ ဒီလောကအတွက် သိပ်ပြီး  ပြောင်းလဲသွားပြီ။ ကျွန်မဘဝမှာ တွေ့ခဲ့ရတဲ့ အချောအလှဆုံး အမျိုးသမီးတွေထဲကတစ်ယောက်” လို့ တသသပြောခဲ့ပါတယ်။

“ အစ်မကိုအမြဲသတိရနေရတော့မှာ။ ကျွန်မကို ကူညီခဲ့တာတွေတင်မကဘဲ ကျွန်မတိုးတက်ကြီးပွားတာ ကိုအစ်မက မြင်ချင်ခဲ့တာလေ” လို့ ၂၀၂၁ ဥရုဂွေးမယ် လိုလာဒီလော့စ်ဆန်တိုးစ်က အမှတ်တရပြောခဲ့ပါတယ်?

၂၀၁၅ မယ်ကမ္ဘာရွေးပွဲကို တရုတ်မှာကျင်းပစဉ်က သူမဟာ ထိပ်ဆုံးဆန်ကာတင် ၃၀ ဦးထဲ ပါခဲ့တာမဟုတ်ပေမယ့် အဲဒီတုန်းက သူမဟာ ၁၈နှစ်အရွယ်မယ်လေးတွေ (၆)ဦးထဲမှာ တစ်ဦးဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အဆိုအရ သားအိမ်ခေါင်းကင်ဆာဟာ အမျိုးသမီးတွေအကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ စတုတ္ထမြောက် ကင်ဆာအမျိုးအစားဖြစ်ပါတယ်လို့သိရပါတယ်။ ၂၀၁၈ခုနှစ်မှာ တစ်ကမ္ဘာလုံးမျာ အမျိုးသမီးပေါင်း ငါးသိန်းခုနှစ်သောင်းခန့်ဟာ သားအိမ်ခေါင်းကင်ဆာခံစားနေကြရပြီး သုံးသိန်းတစ်သောင်းတစ်ထောင်ခန့်ဟာ သေဆုံးခဲ့ရပါတယ်လို့ ကမ္ဘာ့ကျန်းမာရေး   အဖွဲ့ရဲ့ ဝက်ဘ်ဆိုက်မှာဖော်ပြထားပါတယ်။

Source: NDTV