#World_News
Published 16 October 2023


အစ္စရေးလ်အနေဖြင့် ပါလက်စ်တိုင်းအပေါ် ရန်လိုတိုက်ခိုက်မှု မရပ်တန့်ဘူးဆိုပါက တင်းမာမှုများအရှိန် မြင့်မားလာနိုင်ကြောင်း အီရန်က သတိပေးလိုက်ကာ ထိုဒေသတဝိုက်ရှိ အခြားအဖွဲ့များက ဝင်ရောက်လုပ်ဆောင်ရန် အသင့်ဖြစ်နေကြပြီလို့ အစ္စရေးလ်  နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း ဖားစ်သတင်းဌာနက တနင်္ဂနွေနေ့မှာ ဖော်ပြလိုက်ပါတယ်။

 

‘’အစ္စရေးလ်တို့ ဆက်ပြီး ရန်ဆောင်တိုက်ခိုက်နေပါက ဒေသတဝိုက်ရှိ ပါတီတွေကလည်း လှုပ်ရှားရလိမ့်မယ်’’ လို့ ဟိုစိန်အမိုင်ရက်ဒိုလာဟီယန်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ဟူညာက ဟားမတ်စ်စစ်သွေးကြွတွေကို ဖျက်ဆီးပစ်မယ်လို့ အခိုင်အမာဆိုခဲ့ကာ အစ္စရေးလ်နယ်စပ်မြို့တွေမှာ ဝင်ရောက်သောင်းကျန်းခဲ့တဲ့ အစ္စလာမ်စစ်သွေးကြွတွေကို ရှာဖွေဖို့အတွက် အစ္စရေးလ်တပ်တွေက ဂါဇာကမ်းမြောင်သို့ ဝင်ရောက်ရန် ပြင်ဆင်နေပါတယ်။

 

အီရန်နိုင်ငံမှ အာဏာအရှိဆုံးခေါင်းဆောင် အိုင်ယာတိုလာအလီခါမီနိုင်က အစ္စရေးလ်ကို ဟားမတ်စစ်သွေးကြွများ တိုက်ခိုက်မှုမှာ အီရန်မပတ်သက်ဘူးလို့ ပြောကြားထားပါတယ်။

 

အီရန်တို့က ဟားမတ်စ်တို့ကို လက်နက်ထောက်ပံ့နေပြီး အကြမ်းဖက်မှုတွေ ဖြစ်စေတယ်လို့ အစ္စရေးလ်က စွပ်စွဲနေတာ ကြာပါပြီ။

 

ဒါပေမဲ့ ဘဏ္ဍာရေးနဲ့ ကျင့်ဝတ်ပိုင်းတွေမှာ ထောက်ပံ့ပေးနေတယ်လို့ အီရန်က ဆိုထားပါတယ်။

 

၁၉၇၉ တော်လှန်ရေးပြီးနောက်ပိုင်း ပါလက်စ်တိုင်းတွေကို ထောက်ပံ့ဖို့က အီရန်တို့ရဲ့ အဓိကမဏ္ဍိုင်တစ်ရပ် ဖြစ်လာပြီး မွတ်ဆလင်တွေရဲ့ ဦးဆောင်သူအဖြစ် ခံယူလာပါတယ်။

 

အစ္စရေးလ်တို့က ဂါဇာကမ်းမြောင်ကို ဝိုင်းရံပြီး လူမျိုးသုဥ်းသတ်ဖြတ်ရန် ကြိုးစားနေတယ်လို့ အမိုင်ရက်ဒိုလာဟီယန်က ပြီးခဲ့တဲ့ ရက်သတ္တပတ်က စွပ်စွဲလိုက်ကာ ဒီလိုမျိုးတိုက်ခိုက်ခြင်းကြောင့် အရှေ့အလယ်ပိုင်းမှာ စစ်မျက်နှာပြင်အသစ်တွေ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးလိုက်ပါတယ်။

 

ဒီလိုမျိုး စစ်မျက်နှာအသစ် ဖြစ်ပေါ်လာခြင်းနဲ့ စစ်ပွဲတင်းမာမှုမှန်သမျှက အမေရိကန်နဲ့ အစ္စရေးလ်တို့နဲ့ တိုက်ရိုက်ပတ်သက်နေတယ်လို့ ဆိုပါတယ်။

 

အမိုင်ရက်ဒိုလာဟီယန်က ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယဲနဲ့ စနေနေ့က ကာတာမှာတွေ့ဆုံကာ အစ္စရေးလ်ကို တိုက်ခိုက်ခဲ့ခြင်းအကြောင်းနဲ့ အဖွဲ့အစည်း အောင်မြင်မှုများ ရရှိစေရန် ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြကြောင်း ဟားမတ်စ်ဘက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

#World_News #အစ္စရေးလ်ကိုအီရန်သတိပေး #တိုက်ခိုက်မှုများမရပ်တန့်
#Source: Reuters