#Local_News
Published_ 14 October 2023


သောကြာနေ့က အစ္စရေးဘက်မှ ပစ်ခိုက်လိုက်တဲ့ ဒုံးကျည်တွေကြောင့် လီဘနွန်တောင်ပိုင်းမှာ ရိုက်တာသတင်းဌာန သတင်းထောက်တစ်ဦးသေဆုံးပြီး အခြား သတင်းသမား (၆)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရိုက်တာကရေးပါတယ်။ အဲဒီနေရာကို ရောက်ရှိနေတဲ့ ရိုက်တာ ရုပ်သံရိုက်ကူးသူတစ်ဦးကပြောတာလို့ သတင်းမှာဖော်ပြထားပါတယ်။

 

အယ်ဂျာဇီးယား၊ အေအက်ပီတို့အပါအဝင် သတင်းသမားအုပ်စုဟာ အစ္စရေးနယ်စပ်အနီးက အယ်မာအဘ်ရှတ်အရပ်မှာ အလုပ်လုပ်နေကြတာဖြစ်ပြီး အဲဒီနေရာဟာ နယ်စပ်အချင်းဖြစ်ပွားမှုများကြောင့် အစ္စရေးစစ်တပ်နှင့် လီဘနွန်စစ်ဝန်ထမ်း ဟက်ဇ်ဘိုလာတို့ အပြန်အလှန်ပစ်ခတ်နေတဲ့နေရာဖြစ်ပါတယ်။

 

သေဆုံးတဲ့ရိုက်တာသတင်းထောက်ဟာ အစ်ဆမ်အက်ဘ်ဒူလာဆိုသူဖြစ်ပြီး အဲဒီနေရာကနေ ရုပ်သံတိုက်ရိုက်တင်ဆက်နေစဉ် သေဆုံးခဲ့ရတာဖြစ်တယ်လို့ရိုက်တာက သတင်းထုတ်ပြန်ပါတယ်။

 

အေအက်ဖ်ပီသတင်းမားနှစ်ဦးလည်းဒဏ်ရာရတယ်လို့ အေအက်ဖ်ပီကရေးပါတယ်။

 

အေအက်ဖ်ပီသတင်းသမားတွေက ဒုံးကျည်တွေဟာ အစ္စရေးဘက်ကလာတာလို့ဆိုပေမယ့် အစ္စရေးက ပစ်တယ်လို့ ပြောမထားသလို အတည်ပြုချက်လည်းမရသေးပါဘူး။


#Local_News #လီဘနွန်တောင်ပိုင်း #ရိုက်တာသတင်းသမားတစ်ဦးသေဆုံး
#Source Reuters’