#World_Health
Published 11 October 2023


မိမိအားမသန်တဲ့လက်ဖြင့် စားသောက်ခြင်းက ကိုယ်အလေးချိန်လျော့ကျရာမှာ အထောက်အကူ ဖြစ်စေနိုင်ဖွယ်ရှိတယ်လို့ အံ့အားသင့်ဖွယ် တွေ့ရှိထားပါတယ်။

 

ဒီလိုပုံစံမျိုး စားသုံးခြင်းဖြင့် အနည်းငယ်သာ စားဖြစ်တော့တယ်လို့ ဟာ့တ်ဖို့ဒ်ရှိုင်းယားတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ပရော်ဖက်ဆာ ရစ်ချတ်ဝိုက်စ်မန်းက ပြောကြားခဲ့ပါတယ်။

 

အားမသန်တဲ့လက်နဲ့ စားသုံးခြင်းဖြင့် စိတ်နဲ့ကိုယ်နဲ့ စည်းချက်ညီလှုပ်ရှားနိုင်အောင် ကြိုးပမ်းနေရကာ အချိန်ပိုကြာစေတာကြောင့် အစားနည်းသွားစေတာ ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

 

ဒီနည်းလမ်းက ရိုးရှင်းပေမယ့် အလွန်ထိရောက်ကာ အစားနည်းနည်းပဲ စားဖြစ်စေကြောင်း ဆိုသွားပါသေးတယ်။

 

၁၉၉၈ ခုနှစ်မှာ ဘုရှ်မန်းက လူတွေကို မှန်တစ်ချပ်ရှေ့မှာ စားသုံးခိုင်းပြီး သုတေသန ပြုလုပ်ခဲ့ပါတယ်။

 

ထိုအခါမှာ ထိုလူတွေဟာ အဆီများတဲ့ စားစရာတွေကို အနည်းငယ်သာ စားသုံးဖြစ်ခဲ့တယ်လို့ တွေ့ရှိခဲ့ပါတယ်။

 

လူတွေက သူတို့ကိုယ်သူတို့ မြင်တွေ့နေရကာ ပိုပြီးတော့ သတိကပ်လာပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားစရာတွေ ပိုစားဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။

 

စားသောက်တဲ့အခါ သတိကပ်ပြီး စားသုံးခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချချင်တဲ့သူတွေမှာ အထောက်အကူ ဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။

 

အမေရိကန်ပြည်နယ် ၂၂ ခုမှ လူပေါင်း ၃၅ ရာခိုင်နှုန်းခန့်ဟာ အဝလွန်နေတယ်လို့ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာမှ ထုတ်ပြန်ထားပါတယ်။

 

#World_Health #မိမိအားမသန်သည့်လက် #ကိုယ်အလေးချိန်လျှော့ချ #ပညာရှင်တစ်ဦးအကြံပေး #Source: New York Post